Intro~~~~

10.1K 230 6
                                        

Unicode....

တီ...တီ...တီ...

မရပ်မနားမြည်နေတဲ့နိုးစက်သံကိုမျက်ကွယ်ပြုကာ ခေါင်းပေါ်ခေါင်းအုံးတင်ပြီး ဆက်အိပ်နေမိသည်။

"အာ နားညီးလိုက်တာ ဘာလို့ဒီလောက်တောင်မြည်နေတာလဲ"

Taehyung တစ်ယောက်နာရီကိုဆွဲယူကာ ပိတ်ဖို့ပြင်လိုက်ချိန် ခေါင်းထဲဝင်လာတဲ့အတွေးတစ်ခု...

"အာ နောက်ကျနေပြီ မြန်မြန်ပြင်မှ"

ရေချိုးခန်းထဲကိုဝုန်းဒိုင်းပြေးဝင်သွားတဲ့ Taehyung တစ်ယောက် နာရီကြည့်မှ သူ့အချိန်ပိုင်းကိုသတိရခြင်းပင်။

"အာ ပိုက်ဆံအိတ်ဘယ်နားထားမိတာပါလိမ့်"

တခန်းလုံး ပွလန်ကျဲနေပြီး ရှုပ်ပွနေတဲ့အထဲ ဟိုလှန်ဒီလှန်ရှာမိပြန်သည်။

"အာ ဒီမှာတွေ့ပြီ"

ပိုက်ဆံအိတ်ယူ ဆံပင်ကိုဖြစ်သလိုဖီးချရင်းအချိန်ပိုင်းအလုပ်စီကိုခြေတိုမတက်ပြေးရပြန်သည်။

cake shop မှာအချိန်ပိုင်းလုပ်တဲ့ ဘဝသမားkthရဲ့ အစပင်။

"Kookie လေးထတော့လေကွယ်"

"အာ အိပ်ချင်သေးပါတယ်ဆို ဘာလို့အတင်းလာနှိုးနေကျတာလဲ မထဘူး အခန်းထဲကထွက်"

Kookie အခုထိမထသေးဘူးလား!!!

Jeonအိမ်တော်ထဲကထွက်လာတဲ့အော်သံနဲ့သူ kookie အခန်းထဲကအိမ်စေတွေကလည်းအသီးသီးထွက်သွားကြသည်။

ဒါကတော့ Jeonအိမ်တော်ရဲ့ သူဌေးလေး Jeon company ပိုင်ရှင် CEO jeon Jungkook ပင်။

တစ်အိမ်လုံးအပြင်အစောင့်တွေကအစ jkကိုကြောက်ကြသည်။ jkအိမ်မှာမရှိရင်လွတ်လပ်ပင်မဲ့ jkပြန်လာရင်တော့ လူတောင်စုနေလို့မရပေ။

"Daddy"

မျက်ရည်ဝဲတဲတဲလေးနဲ့ သူကိုကြည့်လာတဲ့ တူတော်မောင်။

ကျောင်းသွားရမှာ ဘယ်ချိန်ရှိနေပြီလဲ!

ပြတ်ပြတ်သားသားပြောလိုက်တာကြောင့် ခုတင်ပေါ်ကငါးနှစ်သားအရွယ်ခလေးပင် ခန္ဓာကိုယ်လေးတုန်တက်သွားသည်။

"သား အိပ်ရေးမ‌ဝသေးလို့"

မလိုချင်ဘူး အခုချက်ချင်းထ မနက်စာစားဖို့ဆင်းခဲ့ ကြားလား!!

My Darlin~~(TK) {Complete}Where stories live. Discover now