Unicode 💓
မနက်မိုးလင်းတော့ Tae တစ်ယောက်ငြီးငြူရင်းထလာခဲ့သည်။
"အင်းဟင့် ဗိုက်ဆာလိုက်တာ"
Taeလည်း jkကိုနှိုးဖို့လုပ်ရတော့သည်။
"မောင် ထပါဦး မောင်ရေ ထဦးလို့"
"အင်း ဘာဖြစ်လို့လဲ ယောင်း"
"ဗိုက်......"
"ဗိုက်နာလို့လား တော်တော်နာနေလား ယောင်း"
စကားဆုံးအောင်နားမထောင်ပဲ ဗိုက်နာတယ်ထင်ပြီး စိုးရိမ်တကြီးမေးလာတော့ ထယ်ပြုံးလိုက်မိသည်။
"ဗိုက်နာတာ မဟုတ်ဘူး ဗိုက်ဆာတာ မောင်"
"ဗိုက်ဆာတယ် ဟုတ်သားပဲကိုယ်တို့မနေ့ကညနေကနေအခုထိဘာမှမစားရသေးဘူး"
"ဘယ်လိုလုပ်ကြမလဲ ဒီအိမ်ကြီးထဲလဲစားစရာရှိမှာမဟုတ်ဘူး တံခါးလည်းလာလှပ်မပေးဘူး ဘယ်လိုလုပ်ကြမလဲ"
"ခဏလေး ကိုယ့်ဖုန်း လိုင်းမိလာကြည့်ဦးမယ်"
"အင်း"
Jkလည်း သူ့အိပ်တဲ့ဘေးမှာရှိတဲ့ဖုန်းကို လှမ်းယူပြီးကြည့်လိုက်တော့ ကံကောင်းစွာနဲ့နှစ်တုံးတော့ကောင်းကောင်းမိနေသည်။
"နှစ်တုံးတော့ရှိတယ် ဆက်ရမလားမသိဘူး ဆက်ကြည့်လိုက်မယ်"
"အင်း ရလောက်မှာပါ"
Jkလည်း my phone ကိုခေါ်လိုက်တော့ တန်းကိုင်လာသည်။
ဖုန်းထဲတွင်~~~~
My ~~~ hello myစကားပြောနေပါတယ်
Jk ~~~ မင်းမိထွေးကို စကားပြောနေပါတယ်လား တံခါးလာဖွင့်ပဲသောက်မအေဘေးလေးရဲ့
My ~~~ အဲ့ဆို bossတို့ ဟိုဟာ ခိခိ
တဖက်က myစကားကြောင့် စကားပြောတာနားထောင်နေတဲ့ taeမှာ နားရွက်ဖျားလေးတွေရဲတွတ်သွားတော့သည်။
Jk ~~~ ဟေ့ကောင် ဟိဟိတွေခိခိတွေ လုပ်မနေနဲ့ မြန်မြန်လာ နာရီဝက်တွင်း တံခါးမပွင့်ရင်ငါထွက်လာရင်မင်းကို သုံးလစာဖြတ်ပစ်မယ် သောက်ငနာကောင် မြန်မြန်လာ"
My ~~~ လာပြီ လာပြီ အခုထွက်လာပြီနော်
သူထို့သို့ပြောလိုက်တော့ တဖက်ကလူကဖုန်းချသွားသည်။
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
