8 🍑🍑 ~~~~

4.2K 167 4
                                        

Unicode 💓

"မနက်ကျောင်းမသွားရဘူး ကိုကိုအိမ်အလည်သွားရင်ဘာလေးဝတ်ရင်ကောင်းမလဲ ဒန့်တန်တန်"

5နှစ်အရွယ် kookie လေးတစ်ယောက် ကျောင်းပိတ်ရက် သူ့ကိုကိုစီသွားလည်ဖို့ ဗီရိုထဲခေါင်းဝင်ပြီးအဝတ်ရွေးနေချင်းပင်။

ပါးစပ်ကလည်း အမျိုးမျိုးကဗျာဆက်ဆိုနေတော့
သည်။

"အာ တွေ့ပြီ ဒါလေးဝတ်ကမယ်"

ဒူးလောက်ဘောင်းဘီလေးနဲ့တီရှပ်လေးကိုရွေးပြီး ချိတ်မှာသေချာချိတ်ကာ အိပ်ယာဝင်ခဲ့လိုက်သည်။

Next day ~~~~

"အင်း ဝါး အိပ်လို့ကောင်းလိုက်တာ ကိုကိုစီလိုက်ပို့ခိုင်းဖို့ပြင်ရမယ် ခိခိ"

ခုတင်ပေါ်ကပြေးဆင်းပြီး ရေချိုးခန်းထဲဝင်ကာ ကိုယ်တိုင်သွားတိုက်မျက်နှာသစ်လုပ်ပြီး မနေ့ညကရွေးထားတဲ့ဝတ်စုံလေးကို ဝတ်လိုက်သည်။

"ဆံပင်နည်းနည်းဖီးရမယ်"

ဘီးကိုယူပြီး ဆံပင်ကိုနည်းနည်းသလိုက်တဲ့kookieလေးက လူပျိုပေါက်စလေးလိုချောမောနေတော့သည်။

အားလုံးပြင်ဆင်ပြီးတော့ အိမ်အောက်ထပ်ကိုဆင်းခဲ့လိုက်သည်။

"Daddy"

"ဘယ်လိုက်ပို့ခိုင်းမလို့လဲ kookie"

"ဟီး ကိုကိုစီလိုက်ပို့ အရင်တစ်ခါတုန်းက ကျောင်းပိတ်ရင်လာမယ်လို့ပြောထားတယ်လေ အဲ့တာလိုက်ပို့နော် daddy "

နှုတ်ခမ်းလေးထော်ပြီး သူ့daddyဘေးသွားရပ်ကာချွဲနေတဲ့ kookie ပေါက်လေး။

"မနက်စာရော"

"ဟိုရောက်ရင် ကိုကိုကမုန့်လုပ်ကျွေးမှာတဲ့"

"ဟုတ်ပါပြီ ကျောင်းပိတ်ရက်မို့လိုက်ပို့မယ် ကျောင်းမှာစာတော့ဂရုစိုက်ရမယ်နော်"

"စိတ်ချပါ daddy "

"My ငါ့ကိုကားထုတ်ပေး"

"ဟုတ် ကျွန်တော်လိုက်ပို့ပေးရမလား boss"

"ရတယ် ငါ့ဘာသာမောင်းမယ်"

"ဟုတ်ကဲ့ boss"

Myလည်း အိမ်ဘေးကားဂိုဒေါင်ထဲက အိမ်စီကားကိုထုတ်ခဲ့လိုက်သည်။

My Darlin~~(TK) {Complete}Where stories live. Discover now