Unicode 💓
"Daddy"
လူမရောက်သေးဘူး အသံကြားနေရပြီဖြစ်တဲ့ kookie အသံကြောင့် ဧည့်ခန်းထဲမှာ jkပခုံးပေါ်ခေါင်းလေးတင်ရင်း Tv ကြည့်နေတဲ့ Tae တစ်ယောက် ချက်ချင်းဘေးကိုတိုးသွားသည်။
Jkကတော့ taeလုပ်တဲ့အပြုအမူလေးကြောင့် အသည်းယားကာ ပါးကိုလှမ်းနမ်းလိုက်သည်။
"ဘယ်လိုဖြစ်နေတာလဲ ခလေးလာနေပြီ"
လက်ကိုကိုင်ပြန်တော့လည်း အတင်းရုန်းလာပြန်သည်။
"Daddy ဟင်...ကိုကိုလည်းရောက်နေတယ်ဆိုတော့"
"ကျောင်းပြန်လာပြီလား kookie"
"ဟုတ် အခုပဲပြန်ရောက်တာပါ ကိုကို"
"စာကောလိုက်နိုင်လား လာပါအုံး ဒီနား"
Taeခေါ်လိုက်တော့ လုံးလုံးလေးသူ့နားပြေးလာတဲ့ kookie ပေါက်ကို ရင်ခွင်ထဲထည့်ဖက်ထားလိုက်သည်။
အဲ့ချိန်မှာ taeသာ နောက်ကိုလှည့်ကြည့်ရင် ခလေးနဲ့တောင်သဝန်တိုနေတဲ့သူကိုမြင်ရမည်ပင်။
"အဲ့ဆို ဒီနေ့ကစပြီး ကိုကိုမဟုတ်တော့ဘူးပေါ့နော်"
"ဟမ် ဘာကိုပြောတာလဲ kookie လေး ကိုကိုနားမလည်ဘူး"
"ဦးဦး myကပြောတယ် အခု daddy ကလူပျိုကြီးအဖြစ်ကနေကျွတ်သွားပြီတဲ့ ကိုကိုနဲ့လည်းပေါင်းပြီးအိပ်ပြီးပြီတဲ့ အဲ့တာကြောင့် ကိုကိုမဟုတ်တော့ဘူးလေ"
Kookie ရဲ့ပွင့်လင်းလွန်းတဲ့ စကားကြောင့် tae ချောင်းတချက်ဟန့်ရင်း မျက်မှာလည်းရဲဘလောင်ခက်သွားတော့သည်။
"အခုကစပြီး ကိုကိုက kookie daddy ရဲ့ကောင်လေးဆိုတော့ kookie Papaဖြစ်သွားပြီပေါ့ ဟုတ်တယ်မလား daddy "
Kookie မေးတယ်ဆို ခေါင်းတညိမ့်ညိမ့်နဲ့ထောက်ခံနေတဲ့ ဘေးကဟာကြီးကြောင့် taeမှာ ရှက်သထက်ရှက်လာရသည်။
"Papa ဟီး ခေါ်လို့ ကောင်းတယ် အဲ့ဆို kookie ထမင်းသွားစားမို့ papaခွံကျွေးပါလား"
Taeလက်ကလေးကိုကိုင်ပြီး မျက်လုံးဝိုင်းလေးတွေနဲ့ တောင်းဆိုလာတဲ့ kookie ကိုကြည့်ပြီး taeပြုံးလိုက်မိသည်။
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
