Part 23 🍑🍑~~~

Comincia dall'inizio
                                        

"ဟုတ်ပြီလေ ဘယ်လိုလုပ်မလဲ စောင့်ကြည့်သေးတာပေါ့"

မေးလေးကိုထောက်ပြီး ခပ်ပြုံးပြုံးဆိုရင်း ခေါင်းငုံ့သွားတဲ့taeကတော့ jkရဲ့လူယုတ်မာဆန်ဆန်အပြုံးကိုမမြင်သွားပေ။

Jkတွက်တော့ taeကို အံ့ဩတုန်လှုပ်သွားအောင် လုပ်ဖို့ လွယ်လွန်းတောင်နေသေးသည်။

တစ်ခုက သူ့အချစ်မခံနိုင်မှာပဲဆိုးရတယ် ဟက်...

အဲ့လို နဲ့ တစ်ပတ်ဆိုတဲ့အချိန်စတဲ့ပထမဆုံးရက်ကနေ ခြောက်ရက်မြောက်နေ့ထိ jkကသူပြောခဲ့တိုင်း wedding အခမ်းအနားကိုပြင်ဆင်ခဲ့သည်။

တစ်ပတ်ပြည့်တဲ့~~~~

Jk company မှာအလုပ်လုပ်နေရင်း သူ့ရဲ့အားကိုးရဆုံးလက်ထောက် myကို ဖုန်းကတဆင့်ခေါ်လိုက်သည်။

"My ရုံးခန်းထဲခဏလာခဲ့"

"Nae boss"

Jkခေါ်ပြီး မိနစ်အနည်းငယ်မှာပဲ အခန်းတံခါးခေါက်သံနဲ့အတူ ဝင်လာတဲ့ My...

"Boss ဘာခိုင်းစရာရှိလို့လဲ"

"ရော့ ဒါတွေအကုန် ဝန်ထမ်းတွေကို တစ်အိတ်စီဝေလိုက်"

"ဟမ် ဘာတွက်လဲ boss"

"ဒီနေ့က ငါ့တွက်နောက်ဆုံးရက်ဆိုတာ မင်းသိတယ်မလား My"

"သိပါတယ်boss ဒါနဲ့ ဒီပိုက်ဆံတွေနဲ့ကဘာဆိုင်လို့လဲ boss"

"ငါပြောပြမယ် သေချာနားထောင်"

"ဟုတ်ကဲ့ ပြောပါboss"

"ဒီနေ့ ဝန်ထမ်းတွေအကုန်လုံးကို အလုပ်မလုပ်ခိုင်းပဲ အဲ့စာအိတ်တစ်အိတ်စီဝေပြီး ငါ့ရုံးခန်းထဲကိုတစ်ယောက်ပြီးတစ်ယောက် လွှတ်လိုက် ငါရပြီလို့မပြောမချင်း တစ်ယောက်ပြီးတစ်ယောက်အခန်းထဲကိုလွှတ်ပြီး စကားလာပြောခိုင်း တစ်ခုက သူတို့မျက်လုံးတွေကို စည်းထားပြီး ခေါ်ခဲ့ ငါပြောတဲ့သဘောပေါက်လား My"

Myလည်းအစကတော့ကြောင်နေပေမဲ့ စကားပြောပြီး ဖြစ်သွားတဲ့bossမျက်နှာကိုကြည့်ပြီး သူသဘောပေါက်သွားသည်။

"နားလည်ပါပြီ ကျွန်တော်အခုပဲဆောင်ရွက်လိုက်ပါ့မယ်"

Myလည်းခေါင်းငုံ့အရိုသေပေးပြီး အခန်းပြင်ပြန်ထွက်ကာ jkခိုင်းတဲ့အတိုင်း ဝန်ထမ်းတွေကိုတအိတ်စီဝေပေးပြီး bossပြောတဲ့အတိုင်းသေချာလုပ်ဖို့ မှာကြားလိုက်သည်။

My Darlin~~(TK) {Complete}Dove le storie prendono vita. Scoprilo ora