လီဝမ်က ယမ်ယမ်ရဲ့နောက်ကျောကနေဖက်ပြီး ပင်လယ်ကြီးကိုမျက်နှာမူကာ ညနေဆည်းဆာရဲ့အလှကို တစ်ဝကြီးခံစားနေတယ်။
"ကို.."
"အင်း.."
"ကျေးဇူးတင်ပါတယ်။"
"မင်းသူငယ်ချင်းကိုကျေးဇူးတင်ရမှာ။ သူ့ကြောင့်ကိုယ်ဆုံးဖြတ်ချက်ချနိုင်ခဲ့တာ။"
"သူကတော့ ကျွန်တော့်တစ်သက်တာ ကျေးဇူးရှင်ပါပဲ။"
"ချစ်တယ်။ ဆုံးရှုံးလိုက်ရတော့မလို့နည်းနည်းပဲ လိုသွားတယ်။"
"ကိုပြောတာ ကျွန်တော်နဲ့ပဲအိပ်ဖူးတယ်ဆိုတာဘာလဲ။ rose နဲ့တွဲတာ တစ်နှစ်တောင်ရှိပြီ။ ကျွန်တော်နဲ့တွဲတာက ၃လတောင်မပြည့်သေးဘူး။"
"အဲ့တာအမှန်တရားပဲလေ။ သူနဲ့က မိဘတွေအောင်သွယ်ပေးလို့တွဲခဲ့ပေမယ့် တစ်ခြားစိတ်မရှိဘူး။ မင်းကတော့မတူဘူး မြင်တာနဲ့ကို ကိုက်ဖဲ့စားချင်တော့တာ။"
"ဟွန်း..."
လီဝမ်က ယမ်ယမ်ရဲ့ ဂုတ်သားကိုနှုတ်ခမ်းနဲ့ပွတ်သပ်ကျီစယ်တယ်။ နေလုံးကြီးက တဖြည်းဖြည်းဝင်လာလေ အလင်းရောင်ကလျှာ့လာလေဖြစ်လာပြီး ပူးကပ်နေတဲ့ခန္တာကိုယ်နှစ်ခုက လေတိုးတာတောင် မပေါက်ပဲ ပူလောင်လာတယ်။
"ကို...."
လီဝမ်ကသူ့ကို ဆက်ကနဲပွေ့ချီပြီး သွက်လက်တဲ့ခြေလှမ်းတွေနဲ့ ဘန်ကလိုဆီ မသွားခဲ့တယ်။
ရှောင်းကျန့် အပန်းဖြေထိုင်ခုံပေါ်ကနေ လည်ပင်းတစ်ရှည်ရှည်နဲ့သူတို့အတွဲကိုလိုက်ကြည့်နေရင်း ဘေးကရိပေါ်ကိုကြည့်ပြီး နှာခါင်းရှုံ့လိုက်တယ်။ အပန်းဖြေခရီးသွားချင်ပါတယ်ဆို အလုပ်ဂျပိုးကအလုပ်လုပ်နေတယ်လေ။ နေ့လယ်လောက်တည်းက ရောက်တာ ဒီခုံပေါ်မှာပဲ အဲ့နေ့လယ်ထဲက လက်တော့ပ် နဲ့အလုပ်ရှုပ်နေတယ်။
"ကိုကို ကမ်းခြေမှာလမ်းလျှောက်ချင်တယ်။"
"ခနလေးနော်။ ကိုကိုပြီးတော့မယ်။"
"မှောင်တော့မယ်။ "
"အာ....ချစ်ရာယ်။ ကို့ကိုနဲနဲလောက်ထပ်စောင့်ပါနော်။"