part-11 🌚

2.8K 226 10
                                    

ရှောင်းကျန့်မနက်ကတည်းကထွက်သွားတာပြန်မလာပဲ vlog လုပ်နေတဲ့ live ကိုပါတွေ့လိုက်ရတော့ ရိပေါ်စိတ်ထဲဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ရှောင်းကျန့်က သူနဲ့အတူရှိနေတုန်းကပုံစံမဟုတ်ပဲ အရမ်းကိုပျော်ရွှင်တတ်ကြွနေပြီးချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ပုံစံနဲ့ ရေခဲမုန့်တွေစားပြနေတယ်။ live ကသတ်မှတ်ထားတာထက်ပိုရှည်နေတဲ့ အခါမှာတော့ရိပေါ် ရေခဲမုန့်ဆိုင်ကိုလိုက်လာခဲ့တယ်။ ဆိုင်ဝရောက်ရောက်ချင်းပဲ ရှောင်ချွမ်းကိုတွေ့လိုက်ရတယ်။

"ဟာ..ရိပေါ် ချိန်းထားရင်တောင်လွဲနေဦးမယ်။ ငါ့ညီလေးကိုငါလာကြည့်တာ။ မင်းရောပဲလား။"

"အင်း..."

ရိပေါ်က ရှောင်းကျန့် ပေါ်မှာခံစားချက်ရှိနေတယ်လို့ရှောင်ချွမ်းခံစားနေရတယ်။ အဲ့လိုတွေးမိတိုင်းခေါင်းထဲက မြန်မြန်ထုတ်မိတယ်။ ရည်းစားဟောင်းကို နှမြောတသတဲ့ စိတ်ကသူ့ကိုနှိပ်စက်တယ်။ ရိပေါ်ကိုချစ်ပါရက်နဲ့ ကြမ်းတမ်းတဲ့ လမ်းကိုအတူမလျှောက်နိုင်ခဲ့ဘူး။ အခုသူအဆင်ပြေနေပေမယ့် သူများအငယ်အနှောင်းဖြစ်နေပြီး သူစွန့်ပစ်ခဲ့တဲ့ ရိပေါ်က ထိပ်ဆုံးမှာရောက်နေတယ်။ ကံကြမ္မာကသူ့ကိုဖိအားတွေ ပေးခဲ့လို့ အဲ့လိုကမောက်ကမ ဖြစ်ရတာ။ ရိပေါ်ကရှောင်းကျန့်အပေါ်မှာ စိတ်ရှိနေလည်း ကိစ္စမရှိပါဘူး။ ရှောင်းကျန့်စိတ်ကိုသူကောင်းကောင်းသိတယ်။ ရှောင်းကျန့်ကစိတ်ပျော့တယ်။ ခံနိုင်ရည်မရှိဘူး။

အေးရာအေးကြောင်းနေချင်တဲ့ရှောင်းကျန့်က အချိန်ပိုင်းအလုပ်လေးနဲ့ပဲ တင်းတိမ်ခဲ့ပေမယ့် ချမ်းသာချင်တဲ့သူကတော့ ဖြတ်လမ်းနည်းတွေနဲ့ငွေရှာခဲ့တယ်။ ဖြတ်လမ်းနည်းအဆင်ပြေတယ်ထင်ရပေမယ့် မပြေဘူး။ အခုရိပေါ်ကရှောင်းကျန့်ကို အများကြီးသဘောကျတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။ အဲ့လိုမျိုး သူတစ်ခါမှ မရခဲ့ဘူးထင်တယ်။

ရှောင်းကျန့်ကသူတို့ကိုမြင်တာနဲ့ ချက်ချင်းမျက်နှာပျက်တယ်။

"ရှောင်းကျန့် ငါတို့မင်းကိုလာကြည့်တာ။"

ရှောင်ချွမ်းအဲ့လိုပြောလိုက်တော့ ရှောင်းကျန့်က ဂရုမစိုက်ပဲ ဆိုင်ထဲကထွက်သွားခဲ့တယ်။ ရိပေါ်နှလုံးသားထဲကတစ်ခုခုကိုသေချာကြီး ခံစားလိုက်ရတယ်။ ရှောင်းကျန့်စိတ်ဆိုးသွားပြီဆိုတာပဲ။

မုန်းတယ်|| မုန်းတယ် (Completed )Where stories live. Discover now