part-15

2.5K 214 4
                                    

ရိပေါ်က သူ့ချစ်မဝလေးကိုကျောင်းလာကြိုပြီး ရုပ်ကပြုံးစိစိနဲ့ကားကိုမောင်းနေတယ်။ ရှောင်းကျန့်အနားမှာရှိရင် အသဲယားလို့တစ်ခုခုလုပ်ပစ်လိုက်ချင်တယ်။ ရှောင်းကျန့်ကတော့ တိတ်ဆိတ်နေတယ်။ သူ့မိထွေးအိမ်ကိုဖျက်လိုက်တယ်ဆိုတော့ သူ့ငယ်ဘဝအကြောင်းကို CCTV အဖွားကြီးတွေဆီကသိလာပြီလား။ ချစ်သူအရှေ့မှာ စုတ်ပြတ်သတ်နေတဲ့ ငယ်ဘဝကြီးချပြရမှာသိမ်ငယ်ဖို့အရမ်းကောင်းတယ်။ ရှက်လည်းရှက်တယ်။ တစ်နေ့တစ်နေ့ ကိုယ့်ကိုကိုယ် ခွေးတစ်ကောင်လိုပဲ ခံစားနေခဲ့ရတာ။

"Baby တစ်ခုခုစားချင်လား။"

အတိတ်ဘဝကိုပြန်တွေးမိပြီး ရိပေါ်အသံချိုလေးကြားလိုက်ရတော့ ရှောင်းကျန့်မျက်ရည်လည်လာပြီး ခေါင်းငုံ့လိုက်တယ်။

"ဘာဖြစ်လာတာလဲ။ တစ်ယောက်ယောက်အနိုင်ကျင့်လို့လား။"

"ကျွန်တော့်ကို ဘယ်သူမှ အနိုင်မကျင့်ရဲဘူး။"

အနိုင်ကျင့်ခံရလွန်းတဲ့ လူတစ်ယောက်က ကိုယ့်ကိုကိုယ်သိမ်ငယ်လို့ပြောထွက်မိတဲ့စကားလား။

"မင်းကိုအနိုင်ကျင့်ရင်ပြော။ ကျင့်ဖူးတဲ့သူရှိရင်လည်းပြော။"

"မရှိပါဘူး။ ကိုကို အိမ်သွားဝယ်တုန်းကအဖွားကြီးတွေနဲ့ စကားပြောခဲ့တယ်လို့ မားကပြောတယ်။ အဲ့တာအမှန်မဟုတ်ဘူး။ ကိုကိုသိတာတွေအမှားတွေပဲ။ မားမသိစေနဲ့ မားသိရင် အဲ့ဒီအဖွားကြီးတွေကို အမွှေးသွားနှုတ်လိမ့်မယ်။"

"Baby ကယမ်ယမ်ရဲ့ မားကိုသံယောဇာဉ်ရှိပုံပဲ။"

"သူက ကျွန်တော့် အမေလိုပဲ။ ကျွန်တော် ရှောင်ချွမ်းတို့သားအမိနဲ့အဆင်မပြေတာတော့မှန်ပေမယ့် ပုံကြီးချဲ့ပြောတာတွေမယုံပါနဲ့။"

"သူတို့ဘာမှ ‌မပြောပါဘူးကွာ။"

အဲ့ဒီအခါမှ ရှောင်းကျန့်စိတ်ပေါ့သွားတယ်။ သူ့အတိတ်ကိုသူဝန်ခံရမှာသိပ်ရှက်တယ်။

"ကိုယ်က မင်းအတွက်ဟင်းချက်ပေးထားတယ်။"

"ဟင်...ကိုကို ကဟင်းချက်တတ်တယ်။"

"ဒါပေါ့။"

ရှောင်းကျန့်အိမ်ပြန်ရောက်တော့ ရိပေါ်ကတစ်ကယ်ပဲ ချက်ထားပေးတယ်။ သူကိုယ်တိုင်ပဲသေချာခင်းကျင်းပြီး ရှောင်းကျန့်တစ်လုပ်စားတိုင်း သူကပါးကိုတစ်ချက်နမ်းလိုက်နဲ့လုပ်နေတယ်။ ပြီးတော့ရှောင်းကျန့်ကိုသူကထိုင်ကြည့်နေတယ်။
ရှောင်းကျန့်က စားတာကိုရုတ်တရက်ရပ်ပြီး မဝံ့မရဲဖြင့်

မုန်းတယ်|| မုန်းတယ် (Completed )Where stories live. Discover now