Part-13

2.2K 217 6
                                    

ရှောင်းကျန့်အိမ်ကိုပြန်ရောက်တော့ ရိပေါ်က အရင်ရောက်ပြီးရေတောင်ချိုးပြီးနေပြီ။ ရှောင်းကျန့်ကိုတွေ့တော့ ရိပေါ်ကတင်းကြပ်ကြပ်ပွေ့ဖက်လိုက်တယ်။ ရပေါ်ဆီကဆပ်ပြာနံ့သင်းသင်းက ရှောင်းကျန့်ကိုဆွဲဆောင်နေပြန်တယ်။ ဒါပေမယ့်ရှောင်းကျန့်သူ့စိတ်သူထိန်းပြီး ရိပေါ်ကိုတွန်းထုတ်တော့ ရိပေါ်က မလွှတ်တမ်းဖက်တွယ်ထားတယ်။

"ဒီတိုင်းငြိမ်ငြိမ်လေးနေပေးပါ။"

"ဖယ်စမ်းပါ ခင်ဗျား...."

ရိပေါ်က ရှောင်းကျန့်ကိုတင်းကြပ်စွာဖတ်ပြီး ခေါင်းကိုတရှုံ့ရှုံ့နမ်းတယ်။ ကျောလေးကိုပွတ်သပ်ပြီးတော့လည်းပြောနေသေးတယ်။

"မင်းကို နောက်ထပ်စိတ်ညစ်အောင်မလုပ်ဖူး။"

မဟုတ်တာလုပ်ပြီးပြန်လာလို့ အိုးမလုံအုံပွင့်ပြီးဒီစကားပြောတာ။ မဟုတ်တာလုပ်ပြီးတိုင်း ခုလိုလေးတောင်းပန်လိုက်ရုံနဲ့ကျေမယ်ထင်လား။

ရှောင်းကျန့်သူ့ကိုတွန်းဖယ်ပစ်လိုက်တယ်။

"ရေချိုးဦးမယ်။ နုံးနေလို့။"

ရှောင်းကျန့်ရေချိုးခန်းထဲမှာ ရေမချိုးသေးပဲငိုနေတယ်။ ဝမ်ရိပေါ်ဆီကရုန်းမထွက်နိုင်တော့ဘူးလား။ ခုနကဗြောင်းဆန်နေတဲ့ ရင်ဘက်ကြီးက ရိပေါ်ရဲ့အပြောချိုလေးအောက်မှာငြိမ်သက်သွားတယ်။ အရှုံးသမားပဲ။

ရှောင်းကျန့်ရေချိုးခန်းထဲကပြန်ထွက်လာတော့ ရိပေါ်က ခါးထောက်ရပ်ကြည့်နေတယ်။သူ့အ ခြေနေကိုအကဲခတ်နေတဲ့သဘော။ ရှောင်းကျန့်လည်း မွေ့ယာပေါ်တင်ထားတဲ့ ညဝတ်အင်္ကျီကိုယူဝတ်လိုက်တယ်။ အဲ့တာသူနဲ့ဆင်တူ ထုတ်ပေးထားတာသိပေမယ့် ဒီအတွက်ကိုအငြင်းပွားဖို့အင်အားမရှိဘူး။

ရှောင်းကျန့်မျက်နှာက ငိုထားလို့ရဲနေပြီး ရေချိုးပြီးစမို့ပိုသိသာနေတယ်။ ရှောင်းကျန့်က ကုတင်မှာထိုင်လိုက်ပြီး။ စိတ်လျှော့ထားတဲ့လေသံဖြင့်

"အိမ်ကိုပြန်ဝယ်လိုက်တာလား။"

"အင်း..."

"ရှောင်ချွမ်းနဲ့သွားတွေ့ခဲ့လား။"

"အင်း..."

"ရှောင်ချွမ်းအိမ်မှာ ညအိပ်ခဲ့တာလား။"

မုန်းတယ်|| မုန်းတယ် (Completed )Where stories live. Discover now