Part-12

2.6K 228 11
                                    

မနေ့ကရှောင်းကျန့်ကားထဲမှာအိပ်ပျော်သွားခဲ့တယ်။ အိပ်ခန်းထဲကိုဘယ်လိုပြန်ရောက်လာမှန်းမသိပဲ အိပ်ယာပေါ်ရောက်တော့အနှိုးခံပြီး မုန်းစရာကောင်းတဲ့ဝမ်ရိပေါ်က သူ့ကိုထပ်စားတယ်။
မိုးလင်းလာတော့ ဝမ်ရိပေါ်ကအရင်မနိုးပဲရှောင်းကျန့်ကနိုးလာတယ်။

"တစ်ညလုံးသူများကိုစားသောက်ပြီးပင်ပန်းနေပြီပေါ့။"

ရှောင်းကျန့်ကုတင်အောက်ကိုဆင်းလိုက်တယ်။ သူ့ကိုယ်မှာတော့ ဝမ်ရိပေါ်နဲ့ ဆင်တူညဝတ်အင်္ကျီ အဝါရောင်ဝတ်ထားတယ်။

"မုန်းလိုက်တာ။ ဘယ်သူကသူနဲ့ဆင်တူဝတ်ချင်လို့လဲ။"

ပြီးတော့ရှောင်းကျန့်က ဟိုရှာဒီရှာလုပ်နေတယ်။ အဲ့အချိန်မှာရိပေါ်နိုးလာပြီး

"ဘာလုပ်နေတာလဲ။"

"ကွာရှင်းစာချုပ် ဝယ်ထားတာရှိတယ်။"

"အာ...အပြာရောင်ထုတ်နဲ့လား။"

"ဟုတ်တယ်။"

"အမှိုက်ထင်လို့လွှင့်ပစ်လိုက်ပြီ။"

"ခင်ဗျား...."

"ဒီမှာခနလာထိုင်။ အတူတိုင်ပင်ရအောင်။"

ရှောင်းကျန့်မကြည်သလိုနဲ့ အိပ်ယာပေါ်တတ်ထိုင်တော့ ရိပေါ်က ခါးကကိုင်ပြီးသူ့နားဆွဲကပ်လိုက်တယ်။

"အ့..."

"အပေးယူလုပ်ရအောင်။"

ရှောင်းကျန့်သူ့ကိုပဲ ဒီတိုင်းကြည့်နေတယ်။ ခန္တာကိုယ်နှစ်ခုကအရမ်းပူးပြီး ရိပေါ်ကိုနမ်းမိမလိုတောင်ဖြစ်တော့ ရှောင်းကျန့်ကနောက်ဆုတ်လိုက်တယ်။

"ဘာဖြစ်တာလဲ။ နမ်းချင်လို့လား။"

"ရွံစရာကောင်းအောင်လာမပြောနဲ့။"

"ဟုတ်လား....အဲ့ရွံစရာကောင်းတာကို ခိုးနမ်းရတာ‌တော့မရွံဘူးလား။"

ရှောင်းကျန့် မျက်လုံးတွေ ပြူးလည်သွားတယ်။ သူကအိပ်မနေပဲ ငြိမ်နေခဲ့တာလား။

ရှောင်းကျန့် ထဖို့လုပ်တော့ ရိပေါ်ပြန်ဆွဲထားလိုက်တယ်။

"မင်းကို မကွာရှင်းရဖို့ဘာပေးရမလဲ။ ကိုယ်ဘာလုပ်ရမလဲ။"

မုန်းတယ်|| မုန်းတယ် (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ