Part-18 🌚

2.3K 204 5
                                    

ရှောင်းကျန့်ကိုကြည့်တဲ့ ရိပေါ်ရဲ့အကြည့်တွေကအရမ်းနူးညံ့တယ်။ အသေးစိတ်လေးကအစတစ်စိမ့်စိမ့်လိုက်ကြည့်နေတာ။  ရှောင်းကျန့် မုန့်စားပြီးတော့မယ်ဆိုတာနဲ့ ရေဘူး သို့မဟုတ် အအေးကိုအသင့်လုပ်ထားပေးတာ။ နှုတ်ခမ်းဆူမလာခင် သူ့အလိုကိုတန်းသိပြီးတန်းဖြည့်ဆည်းပေးတာ။ ဒါတွေကိုမြင်ရတိုင်း ရှောင်ချွမ်းရင်နာတယ်။ ဒီနေရာက သူ့နေရာဖြစ်သင့်တာ။ ရိပေါ်ကဘယ်လောက်နူးညံ့လဲ။ သိမ့်မွေ့လဲ။ သူအသိဆုံးမို့ပြန်တွေးတိုင်း ရင်ဘက်ကြီးတစ်ခုလုံးအောင့်တတ်လာတယ်။ ဒါကြောင့်ဦးရဲ့ဆိုင်သစ်ဖွင့်ပွဲမှာ ရိပေါ်ကိုဖိတ်ကြားဖို့ပူဆာခဲ့တယ်။ သူလိုတာဘာမဆိုဖြည့်ဆည်းပေးတဲ့ ဦးကရိပေါ်ကိုရအောင်ပဲ ဖိတ်ကြားပေးခဲ့တယ်။ အဲ့အတွက်တော့ဦးကိုကျေးဇူးတင်ပေမယ့် ကောက်ရိုးမျှင်လောက်လေးဆွဲထားလို့ရရင်တောင် ရိပေါ်ကိုဆွဲထားချင်တယ်။

ရိပေါ်က ထိုင်ခုံပေါ်မှာ စိတ်ကိုစုစည်းပြီးအသက်ကိုမှန်မှန်ရှုနေတယ်။ သူအသိစိတ်ပျောက်သွားတာမဟုတ်ပဲအောက်ပိုင်းကအရမ်းအနေရခက်တယ်။ ရှောင်ချွမ်းကရိပေါ်ရဲ့ခြေရင်းမှာ ဒူးထောက်ထိုင်လိုက်ပြီး ရိပေါ်ရဲ့ခါးပတ်ကိုလာကိုင်တော့ ရိပေါ်တွန်းထုတ်လိုက်တယ်။ ရှောင်ချွမ်းအရမ်းစိတ်တိုပြီး သူ့ အတွင်းခံလေးကိုဆွဲချွတ်လိုက်တယ်။

"ဝုန်း..."

အသံကျယ်ကြီးကြောင့် ရိပေါ်နဲ့ရှောင်ချွမ်း လှည့်ကြည့်လိုက်တာ မိုက်ကယ်ကတံခါးကို ဆောင့်ကန်ကာဝင်လာတယ်။ သူတွေးထားတဲ့အတိုင်းမြင်လိုက်ရတဲ့ ရှောင်းကျန့်ဟာလည်းဒေါသအရမ်းထွက်သွားပြီး ရှောင်းချွမ်းကိုရိုက်ရန်သွားမည်အပြု

"ဖုန်း..."

မိုက်ကယ်ရဲ့ကန်ချက်ကြောင့်ရှောင်ချွမ်းလွင့်သွားပြီး ရှောင်းကျန့်လည်းလန့်ဖြန့်သွားတယ်။ ရှောင်းကျန့်ရပေါ်ဆီကိုပြေးသွားပြီး ဖက်ထားကာ ရှောင်ချွမ်းကိုပြန်ကြည့်လိုက်တယ်။ ရိပေါ်က ရှောင်းကျန့်ဆိုတာသိတာနဲ့ အတင်းပဲဖက်ထားတော့တယ်။

မိုက်ကယ်က ခန်းဆီးစကိုဆွဲဖြုတ်ပြီး ရှောင်ချွမ်းခန္တာပေါ် ပစ်တင်လိုက်တယ်။

မုန်းတယ်|| မုန်းတယ် (Completed )Where stories live. Discover now