အပိုင်း(၄၅၇)

En başından başla
                                    

လုချယ်က ဖြေရှင်းချက် တောင်းဆိုခြင်း နည်းလမ်းဖြင့် ဆရာဝန်၏ မောက်မာသော စိတ်ဓာတ်ကို ဖိနှိမ်လိုက်သည်။

ဆရာဝန်၏မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ လုချယ်က ယဉ်ကျေးလွန်းသော မျက်နှာထား အပြင် ခက်ထန်သော ဟန်ပန်ကို တစ်ပြိုင်နက်တည်း လုပ်ဆောင် နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"စိတ်မပူပါနဲ့။ ဆေးရုံက အဲဒီကိစ္စကို စုံစမ်းနေပါတယ်။ ငါတို့အားလုံး  အစပိုင်း သံသယဝင်မိသူက စက်ဆုပ်ဖွယ်ကောင်းတဲ့ နောက်ယောင်ခံ လိုက်သူတွေလို့ပဲ ထင်တာပဲ"
ဆရာဝန်က ပြုံးသည်။

လုချယ်၏ စိတ်ထဲ သရော်မိသော်လည်း ဆရာဝန်၏ ဗြောင်းကျကျ သိက္ခာမဲ့မှုကို မတုံ့ပြန်ခဲ့ပေ။ သူက ယခုလို လူစားမျိုးနှင့် ကြုံတွေ့ဖူးပြီသား ဖြစ်၍ ကျင့်သား ရနေပါပြီ။

ထို့နောက် လုချယ် ထွက်လာခဲ့သည်။ သို့သော်လည်း သူက ဆေးရုံထဲ လျှို့ဝှက် လူယုံများ နေရာချထားခဲ့သည်။  အမှန်တရားကို ဖော်ထုတ်ရန် အချိန် သိပ်မယူရတော့ပေ။

လုချယ် ထွက်သွားသွားချင်း ဆရာဝန်က သူ့ဖုန်းကို အလောတကြီး ဆွဲထုတ်လိုက်ပြီး စာရင်းမမှတ်ထားသော ဖုန်းနံပါတ်ကို ဖုန်းခေါ်သည်။
"သူတို့ ထောက်ချောက်ထဲ ဝင်လာပြီး အရာအားလုံးက စီစဉ်ထားသလို ချောချောမွေ့မွေ့ပဲ။ ဒါပေမဲ့ ငါ နင်နဲ့ တွေ့ဖို့ လိုအပ်တယ်။ ဒီကပြဿနာက စွန့်စားလွန်ရာ ရောက်တော့ ငါကိုယ်တိုင် မဖြေရှင်းနိုင်ဘူး"

ဆရာဝန် တစ်ယောက် အနေဖြင့် သူမက အခြေအနေ၏ လေးနက်မှုကို မဆုံးဖြတ်နိုင် လောက်သည့်အထိ မျက်ကန်းတစ္ဆေ ဖြစ်မနေပေ။

တစ်စုံတစ်ယောက်ကို ထိခိုက်ဒဏ်ရာ ရအောင် ဆရာဝန်ကို အသုံးချခြင်းက ဖုံးကွယ်ရန် လွယ်ကူသော ကိစ္စရပ် မဟုတ်ပေ။ အထူးသဖြင့် ကြီးမြတ်သော ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအီအို မို့ထင်ကို စော်ကားသည့် လုပ်ရပ် ဖြစ်နေသည်။

ထို့ကြောင့် ဆရာဝန်က သူမနှင့် အတူတူ အလုပ်တွဲလုပ်မည့်သူ၏ စိတ်ရင်းကို သေချာသိထားရန် လိုအပ်သည်။

"ငါ နင်နဲ့ ဘယ်လို တွေ့ဆုံခွင့် ရမလဲ"

"နင် တွေ့ဖို့ ငြင်းဆန်ရင်တော့ တခြားသူသာ ရှာလိုက်တော့။ ငွေမက်ပြီး တခြားသူက စွန့်စားချင်ပါ့မလား ကြည့်ရသေးတာပေါ့"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Hikayelerin yaşadığı yer. Şimdi keşfedin