အပိုင်း(၄၅၃)

Start from the beginning
                                    

"ဟယ်လို ပေကျင်းဆေးရုံကပါ"

"ကျွန်တော်က မို့ထင်ပါ။ ထျန်းနင် သွေးစစ်ထားတဲ့ ဆေးမှတ်တမ်း အကြောင်း သိချင်လို့ပါ။ ဆေးမှတ်တမ်း ယူလို့ရမလား"

ဖုန်းတစ်ဖက်မှာ ဖုန်းဖြေဆိုသူက မို့ထင် ဖုန်းပြန်ခေါ်လိမ့်မည်ဟု မမျှော်မှန်းခဲ့ပေ။ ခဏကြာပြီးနောက် သူမက စိုးရိမ်တကြီး ပြန်ဖြေသည်။

"ဟု ဟုတ်ကဲ့ပါ။ သိမ်းထားတဲ့ ဖိုင်တွေထဲ ရှိနေနိုင်ပါသေးတယ်"

"ကျွန်တော် တစ်ယောက်ယောက်ကို လာယူဖို့ လွှတ်လိုက်မယ်။ မဟုတ်သေးဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ လာယူမယ်"

ထျန်းနင် နာကျင်နေခြင်းကို မြင်တွေ့ရခြင်းက သူ့နှလုံးသားကို ဓားဖြင့် ထိုးနှက်သည်ထက် ပို ခံစားရသည်။ အမှန်တရားကို ရှာဖွေရန် မို့ထင်ကိုယ်တိုင် စုံစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ လုချယ်ကို မခိုင်းရန် ဆုံးဖြတ်လိုက်၍ လုချယ်ကို ဖုန်းဆက်လိုက်သည်။ လုချယ်၏ မိန်းမ လုံကျဲကို ထျန်းနင်အား စောင့်ရှောက်ပေးရန် မှာကြားခဲ့သည်။ သူ အပြင်ထွက်သွားချိန်တွင် ရင်းနှီးသော တစ်စုံတစ်ယောက် ထျန်းနင်အနား ရှိနေမှ ထျန်းနင် စိတ်သက်သာရာ ရလိမ့်မည်။

ထို့နောက် သူကိုယ်တိုင် ပေကျင်းဆေးရုံသို့ ကားမောင်း ထွက်လာခဲ့ပြီး  ဆေးစစ်ချက် ရလဒ်ကို အတည်ပြုရန် ဆရာဝန်နှင့် ရက်ချိန်း ယူခဲ့သည်။

"မို့လူကြီးမင်း။ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ သွေးhcg ပမာဏက 100IU/Lပါ။ ဒါပေမဲ့ လူကြီးမင်းရဲ့မိန်းမမှာ 7000 ဖြစ်နေတယ်။ ဒါကြောင့် သူ ကိုယ်ဝန် ရှိနေနိုင်တယ်လို့ ခွဲခြမ်း စိတ်ဖြာခဲ့တာပါ"
သူမ ဖိအား ပေးခံရသည်ဟု အနည်းငယ် ခံစားရသည့်တိုင် ဆရာဝန်က တည်ငြိမ်စွာ ရှင်းပြသည်။

"ဒါပေမဲ့ ကျွန်တော့်မိန်းမကို တခြားဆေးရုံမှာ ဆေးစစ်ကြည့်တာတော့ သားအိမ်ပါးပြီး အကျိတ်အလုံးတွေ မြင်ရတယ်လို့ ပြောပါတယ်"

"မို့လူကြီးမင်း၊ ရှင့်မိန်းမမှာ ခန္ဓာဗေဒ ပြဿနာမရှိဘူးဆိုတာ ကျွန်မ ရဲရဲကြီး ပြောနိုင်တယ်"
ဆရာဝန်က လေးလေးနက်နက် ပြောဆိုသည်။
" ကျွန်မရဲ့ နှစ်၄၀ ဆေးကုသက်တမ်းအရ လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို သူတို့ ရုပ်ရည်သွင်ပြင် ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်လို့ ရတယ်။။ ရှင်တို့ ဘယ်ဆေးရုံသွားလဲ ကျွန်မ မသိပေမဲ့။ ကျွန်မ ကျိန်ဆိုရဲတယ်။ ထျန်းမိန်းကလေးမှာ ကိုယ်ဝန် မရှိဘူးဆိုရင် ကျွန်မလည်း ဆရာဝန်အလုပ်ကို စွန့်လွှတ်ရဲတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now