အပိုင်း(၄၅၂)

Start from the beginning
                                    

သိပ်မကြာလိုက် လုချယ်က Hyatt Regency ရောက်လာခဲ့သည်။ သို့သော်လည်း မို့ထင်က လုချယ်ကို မနေ့ညကလို အေးအေးစက်စက် လေသံဖြင့် စကားမပြောပေ။ လုချယ် အတော်ကလေး အံ့ဩနေမိသည်။

"သူဌေး၊ အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ အချိန်မရွေးသွားလို့ ရပါတယ်"

လုချယ်၏ပြင်ဆင်ပေးမှုဖြင့် မို့ထင်က ထျန်းနင်ကို ဆေးစစ်ရန် ဆေးရုံခေါ်သွားပေးသည်။ လမ်းခုလတ်တွင် မို့ထင်က ထျန်းနင်၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ကျိတ်ပြုံးနေမိသည်။

မို့ထင် စိတ်ကြည်လင်နေသည်ဟု ထျန်းနင် ခန့်မှန်းနိုင်သော်လည်း သူတို့ မင်္ဂလာနှစ်ပတ်လည် နေ့ကြောင့်ဟုသာ ယူဆလိုက်သည်။ သူမ၏ခန္ဓာကိုယ်ထဲ ထင်အသေးလေး ရှိနေသည်ဟု သူမ စိတ်ကူးပင် မယဉ်ခဲ့ဖူးပေ။

မို့ထင်၏မျက်နှာပေါ်မှ အပြုံးကြောင့် ထျန်းနင်လည်း စိတ်ကြည်လင်နေသည်။

ခဏကြာပြီးနောက် သူတို့ စုံတွဲ ဆေးရုံရောက်သွားသည်။ မို့ထင် အပေါ်အင်္ကျီ ချွတ်လိုက်ခြင်းကို ထျန်းနင် သတိထားမိ၍ ထျန်းနင် မေးမြန်းသည်။
"ယောက်ျားလည်း စစ်ဆေးမလား"

မို့ထင်က သူမကို ချစ်မြတ်နိုးဟန် ကြည့်ကာ ခေါင်းခါသည်။
"ကိုယ်က ချစ်လေးကို အဖော်လိုက်ပေးရုံပဲ"

"ယောက်ျား အဖော်လိုက်ခဲ့ပေးဖို့ မလိုအပ်ပါဘူး"

"ဒါက ရိုးရှင်းတဲ့ စစ်ဆေးမှုလေးပါ"

ပုံမှန်အားဖြင့် သူမ ရုပ်ရှင်ရိုက်ကူးရေးကြောင့် ဒဏ်ရာရခဲ့လျှင်ပင် မို့ထင်၏နှလုံးသား နာကျင်နေရသည်။ သူမကို ဂရုစိုက်လွန်းသော သူ့အပြုအမူများကို သူမ လုံးဝ သံသယကင်းခဲ့သည်။

လုချယ်၏ ကြိုတင်ပြင်ဆင်ထားမှုကြောင့် ဆေးရုံတစ်ရုံလုံး လူရှင်းနေသည်။ ခဏကြာပြီးနောက် သူတို့စုံတွဲက စစ်ဆေးမည့် အခန်းအရှေ့ ရောက်လာခဲ့သော်လည်း ဆရာဝန်က မို့ထင်ကို စကားပြောသည်။
"မို့သူဌေးက ဒီနေရာမှာပဲ နေခဲ့ပေးပါ။ မိသားစုဝင်တွေက အပြင်မှာစောင့်ပေးရတယ်"

" သူ ကျွန်မနဲ့ အတူတူလိုက်ခဲ့လဲ အဆင်ပြေပါတယ်"

"အပြင်မှာ နေခဲ့တာ ပိုကောင်းမယ်လို့ ကျွန်မက တွေးမိနေတုန်းပဲ"
ဆရာဝန်မက ပြုံးလျက် လေးလေးနက်နက် ပြောသည်။
"ဒါက ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းပါ။ ယောက်ျားတွေက အပြင်မှာ နေခဲ့ရပါမယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now