"လုံကျဲကိုမကြောက်နဲ့နော်။ နင် ရောက်နေတဲ့ လိပ်စာ ငါ့ကို ပို့လိုက် ငါ့လာခဲ့မယ်"
"လုချယ်ကို မပြောနဲ့နော်"
လုံကျဲက သူမရောက်နေသည့် နေရာကို မပြောခင် ရှိုက်တငင်ငင် ငိုကြွေးကာ စကားပြောသည်။ထျန်းနင်က သူမကို မမှတ်မိအောင် သရုပ်ဖျက်ပြီးနောက် ဆေးရုံသို့ ကားမောင်း ထွက်လာခဲ့သည်။
မိနစ်၄၀ကြာပြီးနောက် သူမက သုတ်သုတ်ပျာပျာဖြင့် ဆေးရုံထဲ ဝင်သွားပြီး လုံကျဲကို ရှာဖွေသည်။ ဆေးရုံ အဆောင်၂တွင် ထိုင်နေသော လုံကျဲကို နောက်ဆုံးတော့ ရှာတွေ့ခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ"
လုံကျဲ၏ မျက်လုံးများက နီရဲဖောင်းကားနေပြီး ထျန်းနင် အနား ကပ်ကာ တီးတိုးပြောသည်။ ထျန်းနင်က ခဏမျှ မှင်တက်သွားသော်လည်း သူ့ကို ချက်ချင်း နှစ်သိမ့်သည်။
"အဆင်ပြေသွားမယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို နာခံလေ"သူမက ပုံမှန်မဟုတ် သွေးဆင်းနေ၍ ဆရာဝန်က သူမကို ကိုယ်ဝန်ပျက်သွားသည်ဟု သံသယဝင်ခဲ့သည်။ ထို့ကြောင့် လုံကျဲက ကြောက်ကြောက်လန့်လန့်ဖြင့် ထျန်းနင်ကို ဖုန်းဆက်ခြင်း ဖြစ်သည်။
"လုချယ်ကို ဘာလို့ ဖုန်းမဆက်တာလဲ"
"အခုတလော လုချယ်က တအား အလုပ်ဒဏ်ပိနေတယ်။ သူ့ကို စိတ်ပျက်တဲ့ ခံစားချက် မခံစားစေချင်ဘူး"
လုံကျဲ သက်ပြင်းချမိသည်။ သူမ၏ အကြည့်တွင် ဒေါသနှင့် အပြစ်ရှိသော ခံစားချက်များ ပြည့်နှက်နေသည်။
"ငါ နမော်နမဲ့ နေမိလို့ပါ။ ငါတို့တွေ ကလေးရဖို့ အကြာကြီး ကြိုးစားထားရတာလေ""ကိုယ့်ဘာသာကိုယ် အပြစ်မတင်ပါနဲ့"
ထျန်းနင်က သူ့ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးသည်။
"အရင်ဆုံး ဆေးစစ်ကြည့်ရအောင်ကွယ်""ငါ အဲလောက်အထိ သတ္တိ မရှိဘူး"
လုံကျဲ ကြောက်နေမိသည်။ ရလဒ်က ဆရာဝန် ခန့်မှန်းသည့်အတိုင်း အတိအကျ ဖြစ်နေမည်ကို သူမ စိုးရိမ်နေမိသည်။သူမက ရလဒ်ကို လက်ခံရန် ခဲယဉ်းနေသည်။
"ငါ တကယ် ကြောက်တယ်။ ငါ ငါလေ လုချယ်အတွက် ကလေး တစ်ယောက်လောက် မွေးပေးချင်တယ်"
အပိုင်း(၄၅၀)
Start from the beginning