အပိုင်း(၄၄၉)

Start from the beginning
                                    

မို့ထင်နှင့် လုချယ်တို့၏ ဆက်ဆံရေးကြောင့် ထျန်းရွှမ်က လုချယ်၏နောက်ကို နောက်ယောင်ခံ လိုက်ပြီး အခြေအနေကို စူးစမ်းသည်။ လုချယ်က သူ့အလှည့် ရောက်သည် အထိ ဆရာဝန်အခန်း အရှေ့မှာ စိတ်ရှည်ရှည် စောင့်နေသည်။

ထျန်းရွှမ်က ကျော်ကြားသော ဆရာဝန်၏ လက်ထောက်ကို လာဘ်ထိုးပြီး သူမ သိချင်သည့် အကြောင်းအရာကို စူးစမ်းသည်။

"ထျန်းမိန်းကလေး၊ ကျွန်မ သိရသလောက်တော့ နောက်နှစ်ရက် လောက်နေရင် ထျန်းနင် ဆေးစစ်ဆေးဖို့ လာမယ်တဲ့"

"သူ နေမကောင်းလို့လား"

"ကြည့်ရတာ ကလေးယူဖို့ ပြင်ဆင်နေပုံပဲ"
လက်ထောက်က ခန့်မှန်းသည်။

"ကလေးယူဖို့ ပြင်ဆင်နေတယ် ဟုတ်လား"
ထိုစကားသံကို ကြားပြီးနောက် ထျန်းရွှမ်၏ မျက်နှာ ဖြူဖျော့သွားသည်။ ထိုကိစ္စနှင့် စပ်လျဉ်းပြီး သူ့ယောက္ခမနှင့် တိုင်ပင်ရမည်။

"ထျန်းနင်က အရည်အချင်း ဘယ်လိုပဲ ရှိရှိ အနုပညာရှင် ဖြစ်နေတယ်။ မို့မိသားစုမှာ တည်မြဲတဲ့ အဆင့်အတန်းရဖို့ ကလေးယူရမယ်"

"ဒီလိုသာဆိုရင် ဘယ်လိုလုပ်ရပါ့။ ထျန်းနင် နဲ့ ငါ အကြံတူနေပါလား"
ထျန်းရွှမ်အတွက် ကိုယ်ဝန်ဆောင်ရန် ကြိုးစားခြင်းက မလွယ်ကူပေ။ သူမ နှင့် ထျန်းနင်တို့ တစ်ပြိုင်နက်တည်း ကိုယ်ဝန်ဆောင် ရလျှင် ထျန်းအိမ်တော် ပြန်မည့် အကြံအစည် ပျက်သုန်း သွားလိမ့်မည်။

"စိတ်အေးအေး ထားပါ။ ဘုရားသခင်က ငါတို့ကို ဒီသတင်း သိအောင် ကူညီပေးထားတော့ ငါတို့တွေ လက်ဦးမှု ယူလို့ ရတယ်လေ။ အခု ငါတို့ရဲ့ အကောင်းဆုံး အစီအစဉ်က ထျန်းနင်ရဲ့ ဆေးမှတ်တမ်းကို လက်ဆော့ဖို့ပဲ"

"ထျန်းနင်ရဲ့ ခန္ဓာကိုယ်က ပြဿနာရှိတယ်လို့ ဖန်တီးရမယ်။ သူ့သားအိမ်ကို ဖယ်ထုတ်ပစ်ဖို့ အယုံကြည်ရဆုံး ဆရာဝန် လိုအပ်တယ်။ ဒါမှ တစ်သက်လုံး ကိုယ်ဝန်ဆောင်လို့ မရမှာလေ"

သားအိမ်  ဖယ်ထုတ်ပစ်မည်။

ဤစကားလုံးက ထျန်းရွှမ်ကို ထိတ်လန့် စေသည်။

သူမက ထျန်းနင်ကို မုန်းတီးသော်လည်း သားအိမ် ထုတ်ပစ်မည် ဟူသော စကားကြောင့် သူမ လန့်ဖျပ်နေမိသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now