"ခင်ဗျားက သူ့ကို သဘောကျလို့လား"
Takaက ထျန်းနင်ကို ညွှန်ပြသည်။
"မင်းကို တစ်ခုတော့ သတိပေးလိုက်မယ် မင်း အချိန်မဖြုန်းနဲ့။ ငါ မျက်စိကျနေတဲ့သူကို ယှဉ်မလုရင် အကောင်းဆုံးပဲ""အို့စ် တကယ်လား"
မို့ထင် ပြုံးသည်။
"ကောင်မလေးက မင်း ချစ်သူလုပ်ဖို့ သဘောတူလို့လား""ဟွန့် ဘယ်မိန်းကလေးက ငါ့ရဲ့လူငယ်ဆန်တဲ့ ခန္ဓာကိုယ်ကို ငြင်းဆန်ရက်မလဲ"
Takaက ထျန်းနင်ကို ကြည့်ကာ ရယ်မောသည်။မို့ထင်၏အကြည့်တွင် ခံစားချက် တချို့ ထင်ဟပ်နေသည်။ ထိုစဉ်အခိုက်အတန့် ထျန်းနင်၏ သရုပ်ဆောင်အလုပ် ပြီးစီးသွားသည်။ သူမ လှည့်ကြည့်လိုက်စဉ် မို့ထင် ရောက်နေခြင်းကို သတိထားမိသည်။
Takaက မို့ထင်၏ဘေးနားမှာ မတ်တတ်ရပ်နေ၍ သူ့ကို ပြုံးပြနေသည်ဟု ယူဆလိုက်သည်။ ထျန်းနင်က သူ့ကို ခပ်စိမ်းစိမ်း ကြည့်တတ်ပြီး သူမ၏အပြုံးကို မြင်တွေ့ရခဲသည်။
"မင်း မြင်လား။ သူ ငါ့ကို ပြုံးပြနေတယ်"
"ဟုတ်လား"
မို့ထင်က ကျီစယ်ချင်စိတ်ကို ထိန်းချုပ် မရခဲ့ပေ။ ခဏကြာပြီးနောက် ထျန်းနင် သူတို့နှစ်ယောက် အနား ချဉ်းကပ်လာသည်။ Takaက ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ရပ်လိုက်ပြီး သူ့အနား လမ်းလျှောက်လာသော အမျိုးသမီးကို နှုတ်ဆက်ရန် ပြင်ဆင်သည်။ထျန်းနင်က မို့ထင်၏ရင်ခွင်ထဲ ချက်ချင်း ပြေးဝင်ပြီး သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားသည်။
"ဒီအချိန်ကြီး ဘာလို့လာတာလဲ"မို့ထင်က သူမကို တင်းကျပ်စွာ ဖက်ထားပြီး ချိုသာသော လေသံဖြင့် ပြောဆိုသည်။
"ကိုယ်က ချစ်လေးရဲ့ မန်နေဂျာလေ။ ဘယ်အချိန်လာလာ ဖြစ်သင့် ဖြစ်ထိုက်တယ်လေ""ဒါဆိုရင် ခဏစောင့်နော်။ မိတ်ကပ်ဖျက် အဝတ်စားလဲပြီး အိမ်အတူတူ ပြန်ကြမယ်"
ထျန်းနင်က ခေါင်းလေးမော့ကာ ပြောသည်။
"ဒါရိုက်တာက ချစ်လေးကို မနက်ဖြန် တစ်ရက်နားခွင့် ပေးတယ်""ဒါဆိုရင်လည်း ပြန်ကြတာပေါ့"
မို့ထင်က စကားပြောပြီးနောက် ထျန်းနင်၏လက်ကို ဖမ်းဆုပ်သည်။ သို့သော်လည်း သူတို့ လှည့်ထွက်သွားစဉ် Takaကို လှမ်းစကားပြောသည်။
အပိုင်း(၄၄၈)
Start from the beginning