အပိုင်း(၄၄၇)

Start from the beginning
                                    

ပထမဆုံး ဇာတ်ဝင်ခန်းကို အဆင်ပြေချောမွေ့စွာ ရိုက်ကူးရန် အချိန်သိပ်မယူခဲ့ရပေ။ ယခုတော့ Takaက သေချာ ပြင်ဆင်ထားပြီး လေးလေးနက်နက် သရုပ်ဆောင်သည်။ သို့သော်လည်းထျန်းနင်က တိုက်ကွက် ပြင်းချက်ကြောင့် သူ နောက်တစ်ကြိမ် ကြောင်အမ်းအမ်း ဖြစ်နေရသည်။

"ငါတို့က ရှေ့ဆက်လျှောက်မယ့် ဘဝခရီးလမ်း မတူဘူး"

"ဒါပေမဲ့ ငါတို့တွေ ဘဝတစ်ကွေ့မှာ ဆုံဆည်းနိုင်ပါသေးတယ်။ ဒီနေ့ ဓားစာခံတွေကို မကယ်တင်ဘဲ အတူတူ သေကြမယ်လေ"

အပြန်အလှန် စကားပြောဆိုပြီးနောက် ဇာတ်ဝင်ခန်း အဆုံးသတ်ရမည့်အချိန် ရောက်သွားသည်။ နှစ်ကြိမ်တိတိ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ထျန်းနင်၏ အရည်အချင်းများကို လျှော့မတွက်သင့်ပေ။ တကယ်တမ်း သူမ၏ ထိုးချက်အားလုံးက တိကျပြတ်သားပြီး အားမာန်အပြည့် ပါသည်။ သူမ၏ ထိုးချက်က နာကျင်စေသော်လည်း အစစ်အမှန်ဟု ခံစားစေ၍ ချောက်ချားသော ခံစားချက်ကိုပင် ဖြစ်ပေါ်စေသည်။

"တော်တယ်"

အဆုံးသတ်မှာ ရလဒ်က ကျေနပ်ဖွယ် ကောင်းသည်။ မို့အကြီးအကဲ၏ လမ်းညွှန်မှုနှင့် ထျန်းနင်က ဇာတ်ကောင်၏ ခံစားချက်ကို ပို၍ တိုးတက်အောင် သရုပ်ဖော်နိုင်သည်။ အဓိက အချက် အနေဖြင့် Takaက အရည်အချင်း ရှိလွန်း၍ တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းများက လူတိုင်းကို နှလုံးခုန်နှုန်း ရပ်မတတ် စိတ်လှုပ်ရှားစေသည်။

"ထျန်းနင်ရေ။ အားလုံး လူစုံမယ် အခြေအနေကို စောင့်နေတာ။ ဒီည Takaကို ကြိုဆိုတဲ့ ပွဲလေး ကျင်းပလိုက်ရအောင်"
ဝေအန်က ရုပ်ရှင် အပြီးသတ် ရိုက်ကူးပြီးနောက် ထျန်းနင်ကို အကြံပြုသည်။

သို့သော်လည်း ထျန်းနင်က ပြုံးပြုံးလေး ငြင်းဆန်ပစ်သည်။
"ကျွန်မ မလိုက်တော့ဘူး။ မနက်ဖြန် ရုပ်ရှင်ဇာတ်ဝင်ခန်းက ပို ခက်ခဲနိုင်တယ်။ အိမ်ပြန်ပြီး ထင် နဲ့ လေ့ကျင့်မယ်"

"ကောင်းပါပြီ၊ ဒါဆိုရင် အိမ်ပြန်နှင့်တော့"
ဝေအန်က အတင်းအကြပ် မတိုက်တွန်းဘဲ ခေါင်းညိတ်သည်။

ထို့နောက် ထျန်းနင်က အိမ်ကို တန်းပြန်သွားသည်။ Taka နားလည်ရခက်စွာ ကျန်ရစ်ခဲ့သည်။ သူနှင့်အတူတူ အချိန်မဖြုန်းချင်သော ရုပ်ရှင်မင်းသမီးကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now