အပိုင်း(၄၄၅)

Začít od začátku
                                    

"ဟိုက်ဟွေ့ဖျော်ဖြေရေးက သေချာ စုံစမ်းခဲ့လို့ အမှန်တရားကို ရှာတွေ့သွားခဲ့တာပဲ။ မဟုတ်ရင် ထပ်မကောင်းကြံနေလောက်ပြီ"

"တကယ်တမ်း ထျန်းနင်ကမှ မတရားခံရသူ အစစ်အမှန်ပဲ။ သူ စကားအများကြီး မပြောပေမဲ့ သူက အမြဲတမ်း စော်စော်ကားကား ပုတ်ခတ်ခံနေရတယ်။ မော်ဒယ်ပဲလုပ်လုပ် သရုပ်ဆောင်ပဲလုပ်လုပ် ထျန်းနင်အတွက် မလွယ်ကူရှာပါဘူး"

အမှန်တရားကို သိရှိပြီးနောက် သတင်းထောက်များက ကူကယ်ရာမဲ့ မျက်နှာအမူအရာများဖြင့် ထျန်းနင်ကို အားတုံ့အားနာဟန် ကြည့်သည်။ သို့သော်လည်း ထျန်းနင်က ယခုလို ကိစ္စမျိုးကို တေးမှတ် ထားတတ်သူ မဟုတ်ပေ။ တကယ်တမ်း သူမ လုပ်သင့် လုပ်ထိုက်သည့် ကိစ္စကို လုပ်ဆောင်ပြီးနောက် သူမက ရိုးရှင်းစွာ ကျေးဇူးတင်စကား ပြောဆိုပြီး မို့အကြီးအကဲ နှင့်အတူတူ အပြင်ထွက်လာခဲ့သည်။

"မင်းက ဒီမှာ ဘာလုပ်နေသေးတာလဲ။ သွားကြမယ်လေ"
မို့အကြီးအကဲက ဝေအန်ကို အသိပေးသည်။ ပြဿနာ ဖြေရှင်းပြီးနောက် ပိုင်ချိုးရှန့် နှင့် စာချုပ်ပယ်ဖျက်ရန် ဆွေးနွေးရဦးမည်။

...

"ထျန်းနင်က တခြားဆယ်လီတွေနဲ့ မတူဘူးနော်။ တခြားသူရဲ့ တိုက်ခိုက်တာ ခဏခဏ ခံရတာတောင် ညည်းညည်းညူညူ မပြောရှာဘူး။ ထျန်းနင်က ခပ်ရိုးရိုး မိန်းကလေး မဟုတ်ဘူးလေ"

"ငါတို့အသည်းကြော်လေးက ကာကွယ်ပေးဖို့ ထိုက်တန်တယ် ဆိုတာ ငါတို့လို ပရိသတ်တွေ သိတယ်လေ။ ငါတို့က ထျန်းနင်ကို အမြဲ အားပေးထောက်ခံ နေမယ်"

"ပိုင်ချိုးရှန့်ကို အဲလောက်အထိ အကြံပက်စက်မယ်လို့ မထင်ခဲ့မိဘူး။ မိန်းမတစ်ယောက် အနိုင်လိုချင်လို့ အကြံပေါင်းစုံ သုံးသွားတယ်။ အဲလို လူယုတ်မာမျိုး ဖျော်ဖြေရေးလောကထဲ မကျင်လည်ဖို့ပဲ မျှော်လင့်တယ်။ မြင်ရတာ အော့နှလုံးနာတယ်"

"အဲဒီကောင်ကို ဦးနှောင်ချောင်သွားတဲ့ အထိ ရိုက်နှက်ပေးမယ် လူ ငှားချင်တဲ့အထိ ရွံသွားတာ"

...

[ထျန်းနင် ပြဿနာ ရှင်းလင်းသွားခြင်း၊ တကယ်တရားခံ ပေါ်ပြီ]

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Kde žijí příběhy. Začni objevovat