အပိုင်း(၄၄၄)

Start from the beginning
                                    

"ဒီလူက ဟိုက်ဟွေ့ဖျော်ဖြေရေးကို တည်ထောင်ခဲ့တဲ့ သူဌေးကြီး။ ထျန်းနင် နဲ့ မို့ထင် ရဲ့အဘိုး မို့ယွမ်ယန်ပဲ"

"မို့အကြီးအကဲက သူ့မြေးချွေးမကို လေ့ကျင့်ပျိုးထောင် ပေးချင်လို့ စိန်ခေါ်ချင်ယောင် ဆောင်ခဲ့တာ။ အဘိုးအတွက် ထမင်းချက် အဝတ်လျော်ပေးတာက မလျော်ကန်တဲ့ အပြုအမူ ဖြစ်သွားလား"

ပိုင်ချိုးရှန့် ကြောင်တောင်တောင် ဖြစ်နေသည်။

အခြေအနေက ပြောင်းလဲသွားခဲ့သည်။

သူ ပထမဆုံး ကြံစည်ခဲ့သည့် အကြံအစည် ပျက်စီးသွားခဲ့သည်။ အဘိုးအိုတွင် ယခုလို တော်စပ်မှုမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ရုတ်ခြည်း ပိုင်ချိုးရှန့် ကြောက်စိတ်မွှန်ထူလာသည်။ မို့အကြီးအကဲကို သူနှင့်အတူတူ ထျန်းနင်ကို ဖယ်ရှားပစ်ရန် ကမ်းလှမ်းခဲ့ဖူးသည်။

"အို။ ဒါဆိုရင်က သူက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ တည်ထောင်သူ  မို့အကြီးအကဲပေါ့"

"ကောလဟာလ သတင်းတွေ ရှိတယ်။ သူက သရုပ်ဆောင် အရမ်းကောင်းသလို ဘယ်ရောက်နေလဲက အမြဲဆန်းကြယ်တယ်တဲ့။ တစ်ကမ္ဘာလုံးက သူ့ကို အာရှရဲ့ အထူးချွန်ဆုံး သရုပ်ဆောင်မင်းသားလို့ သတ်မှတ် ပေးထားကြတာလေ"

"ဒါဆိုရင် မို့အကြီးအကဲက ရုပ်ရှင်ရိုက်ကွင်းမှာ ပုန်းကွယ်နေပြီး ထျန်းနင်နဲ့ အတူတူ ရုပ်ရှင်မှာ သရုပ်ဆောင်နေတာပဲ"

"မြေးအဘိုးတွေကို လျှောက်ပေးစားရင်း သတင်းလွှင့်ရဲသေးတယ်။ ရယ်စရာ ကောင်းလိုက်တာနော်"

"မြန်မြန် ဓာတ်ပုံရိုက်ကြ။ မို့အကြီးအကဲကို တွေ့ရဖို့ လွယ်ကူတာ မဟုတ်ဘူး"

မို့အကြီးအကဲက ခန်းမဆောင်ကို လှည့်ပတ်ကြည့်ရှုပြီး နောက်ဆုံးတော့ ပိုင်ချိုးရှန့်ဘက် လှည့်သည်။
"ဘာလဲ။ ထျန်းနင်နဲ့ ငါက ဘာမှ မဟုတ်တော့ စိတ်ပျက်သွားတာလား"

အစပိုင်းတွင် မို့အကြီးအကဲက ပြုံးနေသေးသည်။ သို့သော်လည်း သူက ပိုင်ချိုးရှန့်အနား ရုတ်ခြည်း လမ်းလျှောက်သွားပြီး သူ့ဦးခေါင်းပေါ်မှ ပတ်တီးကို ဖြည်လိုက်သည်။
"မင်းရဲ့ခေါင်းက သက်သာသွားပြီမလား။ ဘာလို့ ပတ်တီး စည်းထားရသေးတာလဲ။ မင်းထက် ငါက ဒီလောကကြီးထဲ ရှင်သန်နေတာ ကြာပြီ။ မင်း ဘာတွေးနေလဲ ငါ သိတယ်။ ငါက မင်းရဲ့လှည့်ကွက်ကို မသိစရာ အကြောင်းမရှိဘူး"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now