၁၂၁/ ၁၂၂ / ၁၂၃

214 9 0
                                    


ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၁၂၁- ဟာနေခြင်း


လဲ့ယောင်းယောင်းအနေနဲ့ ငရဲမင်းထံမှ မည်သည့်တုံ့ပြန်မှုမှ မရခဲ့ပေ။

ဘာကြောင့်လဲဆိုတော့ နောက်တစ်နေ့တွင် သူမ နိုးလာပြီး ငရဲမင်းထံ ခစားဖို့သွားတော့မည့်အချိန်တွင် အံ့အားသင့်စရာသတင်းကို သူမရရှိခဲ့သောကြောင့်ဖြစ်သည်။

ကြားရတာတော့ ပင်လယ်ဓားပြများသည် ရက်စက်ကြမ်းကြုတ်စွာ ပြုမူနေကြပြီး မရေမတွက်နိုင်သော တံငါသည်များက သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ယခုအခါ ဧကရာဇ်သည် စိတ်အားထက်သန်နေပြီး ငရဲမင်းသည် သတင်းကြားပြီးနောက် ထိုသို့ ပြေးသွားခဲ့သည်။

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ငရဲမင်းဟာ ပင်လယ်ဓားပြတွေကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်သွားမှာ ဖြစ်ပေမယ့် ဘယ်အချိန် သူပြန်လို့ရနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

ဆယ်ရက်၊ တစ်လ၊ တစ်နှစ် သို့မဟုတ် နှစ်နှစ် သို့မဟုတ် သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။

လဲ့ယောင်းယောင်းသည် ဤအကြောင်းကို အခြားသော မိန်းမစိုးများမှတဆင့် သိရှိသွားခဲ့သည်။

သုံးနှစ်၊ ငါးနှစ်၊ဒါမှမဟုတ် ခုနစ်နှစ်လား။

သူမသည် ငရဲမင်းကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ရမှာမဟုတ်တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူစလား။ သူ ပြန်လာရင်တောင်မှ အခုကစပြီး သူမက သုံးနှစ်လောက် သွားမှာမလား။

ဒီလိုရလဒ်မျိုးက သူမအတွက် ကောင်းသည်။

 သို့သော် အကြောင်းတစ်ခုခုကြောင့် ငရဲမင်း မရှိတော့ကြောင်းနှင့် သူ့ကို နောက်တစ်ကြိမ်မတွေ့ရတော့ကြောင်း သူမ သိလိုက်ရသောအခါတွင် ကျောက်တုံးက သူမကို ဖျစ်ညှစ်သွားသလိုပဲ။

ဘုရားရေ။ သူမ ဘာဖြစ်နေတာလဲ။ သူ့ကို မကြိုက်ဘူးဆိုတာ ရှင်းသည်။ သူထွက်သွားတာ အဆင်မပြေဘူးလား။ အဲဒီအခါမှာ သူမဘာလို့ ဒီလောက်စိတ်ညစ်နေရတာလဲ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now