ကိုယ်ဝန်နဲ့ မိန်းမစိုးလေး
အပိုင်း ၇၁ - မင်းရဲ့ဆုလာဘ်က....
“အင်း ရှောင်ထုဇီ မင်းက အများကြီး ပံ့ပိုးပေးခဲ့တယ်။ ဧကရာဇ်က မင်းရဲ့အကြံပြုချက်တွေကို ကြားပြီး မင်းကို မချီးမွမ်းဘဲမနေနိုင်ခဲ့ဘူး။ သူက မင်းကို ကြီးကြီးကျယ်ကျယ် ဆုချရမယ်လို့ ပြောတယ်”
လန်ဂျင်းယွိ စကားကိုကြားတော့ လဲ့ယောင်းယောင်း ပီတိဖြစ်သွားတယ်။ ရှောင်မုဇီ လည်း အလွန်စိတ်လှုပ်ရှားနေသည်။“ ဟားဟား! တကယ်လား?! ဧကရာဇ်က ကျွန်တော်မျိုးကို ချီးမွမ်းတာ မရပ်နိုင်ဘူးပေါ့ ...…” လဲ့ယောင်းယောင်း အားပါးတရပြုံးလိုက်သည်
ပိုအရေးကြီးတာက သူက သူမကို ကြီးကြီးကျယ်ကျယ် ဆုချချင်နေတာ။ ဘုရားရေ! ဒီတစ်ခါတော့ သူမ သူဌေးဖြစ်တော့မယ်!! မွားဟားဟားဟားဟားဟား!
လဲ့ယောင်းယောင်း အဲ့တာကို တွေးနေရင်းနဲ့ သူမရဲ့မျက်နှာရှေ့မှာ ကြီးမားတဲ့ ရွှေတောင်ကြီးတစ်ခု ပေါ်လာသလိုပါပဲ။ ထို့အပြင် ကောင်းကင်ယံ၌ ငွေရဲ့တန်ကြေးဖြစ်တဲ့ ငွေစက္ကူများ အဆက်မပြတ်ရွာသွန်းနေခဲ့သည်...
ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ!!
အရင်တုန်းကတော့ သူမဟာ ပိုက်ဆံအတွက် ဘယ်တုန်းကမှ မရူးခဲ့ပါဘူး။ သူမကလည်း လောဘမကြီးပါဘူး။ သူမဟာ ချမ်းသာတဲ့ နောက်ခံကနေ ဆင်းသက်လာတဲ့သူတစ်ယောက်လေ သူမမှာ ဘာတစ်ခုမှ ချို့တဲ့နေတာ သို့မဟုတ် တွန်းအားတစ်ခုလို ခံစားရတာမျိုး မရှိပါဘူး။ဒါပေမယ့် အခုတော့ ဇာတ်လမ်းက မတူဘူး။ သူမက မိသားစုအစစ်အမှန်မရှိသော ဤအကျွမ်းတဝင်မရှိသော ရှေးခေတ်ကို ရောက်ရှိခဲ့သည်။ သူမက ဒီခန္ဓာကိုယ်နဲ့ သူမအတိတ်ကို မသိဘူး။ ပိုဆိုးတာက သူမဟာ မိန်းမစိုးတစ်ယောက်ရဲ့ အခန်းကဏ္ဍကို ယူထားရတာ။ သူမက ကျွန်တစ်ဦးမျှသာဖြစ်ပြီး သူမ၏ လစဉ်လုပ်ခက အလွန်နည်းပါသည်။ ဤနှုန်းဖြင့် သူမသည် အလွန်ခက်ခဲသောဘဝတွင် နေထိုင်ရပေတော့မည်။
ထို့ကြောင့် သူမကို ငွေအမြောက်အမြား ပေးမည်ဆိုပါက၊ သူမသည် ဘဝတစ်သက်တာလုံး နေထိုင်စရိတ်အတွက် စိတ်ပူနေစရာ မလိုတော့ပေ။
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]
RomanceTitle The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Kuang 醉梦轻狂 Status in COO raw: 220 Chapters (Completed) TL: 300 Myanmar Trans.. Cutiecryatal Translatio...