မင်း ငါနဲ့ ရှုပ်နေတာလား ?
လန်ဂျင်းယွိက လဲ့ယောင်းယောင်းရဲ့ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို ကြည့်ပြီး ဘာမှ မပြောဘဲ နေလိုက်သည်။ လဲ့ယောင်းယောင်းရဲ့ စကားကို တိတ်တဆိတ် သဘောတူလိုက်ပုံရသည်။
နောက်ဆုံးတော့ မိန်းမစိုးလေးက အရမ်းကိုစိတ်ပိုင်းဖြတ်ထားတယ်။ ဤအရာအား ပြုပြင်ခြင်းသည် သူ့အတွက် အလွန်အရေးကြီးသော အလုပ်ဖြစ်သကဲ့သို့ပင်။ လန်ဂျင်းယွိက ရိုးရိုးသားသား ဘာပြန်ပြောရမှန်းမသိ။
ဘာပဲဖြစ်ဖြစ် "သူ" ပျော်ရွှင်အောင်လွှတ်ထားလိုက်မယ်...
လန်ဂျင်းယွိက စကားတစ်ခွန်းမှ မပြောသောကြောင့် လဲ့ယောင်းယောင်းက သူအဆင်ပြေသည်ဟု ယူဆလိုက်သည်။
ထို့ကြောင့် သူမ သက်ပြင်းချကာ စုတ်ပြဲနေသော အတွင်းခံကို ချလိုက်သည်။ သူမလက်ကိုမြှောက်ကာ နှင်းဖြူအောက်ခံအင်္ကျီကိုဆွဲကိုင်လိုက်ပြီး လန်ဂျင်းယွိ လက်များဆီ အမြန်စွပ်လိုက်သည်။
Oh Man သူက အရမ်းအရပ်ရှည်တာပဲ !
သူက 180cm ကျော်တယ်။ သူ့ရှေ့မှာ ရပ်လိုက်တော့ သူက တိုင်တောင်ကြီးလို ခံစားရတယ်။
ဝမ်းနည်းစရာမှာ သူမက 150cm အထက် အနည်းငယ်သာရှိသည်။ ရှင်းပါတယ်၊ အပျိုဖော်ဝင်စက သူမကို ကောင်းကောင်းမဆက်ဆံဘူး။ ဒီမှာ အစားအသောက် အရည်အသွေးက အရမ်းညံ့လွန်းတယ်။ မနေ့က သူမ ရင်ဘတ်ကို ထိပြီးနောက်မှာ နံရံနဲ့ ခေါင်းကို ဆောင့်ချင်မိသွားသည် ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူမသည် ဂုဏ်ယူစရာ C cup ဖြစ်ခဲ့သည်။ အခု သူမ ဒီကိုရောက် လာတာ က A cup ပဲ ။
သူမ ရင်ဘတ်တွေကိုတောင် မခံစားနိုင်ဘူး! ဒါကိုတွေးရင်း လဲ့ယောင်းယောင်း မျက်ရည်တွေ ဝဲချင်လာသည်။
အခွင့်အရေးရတိုင်း သူမအခြေအနေတိုးတက်စေရန် သင်္ဘောသီးကို ဝယ်စားရမယ့်ပုံရသည်။
နက်နက်ရှိုင်းရှိုင်းတွေးနေစဉ်တွင် သူမသည် မင်းသား ယွေ့ ကို မတူညီသောအလွှာသုံးလွှာကို ကူညီဝတ်ပေးခဲ့ပြီးဖြစ်သည်။ ယခု သူမသည် ခါးပတ်တစ်ခုသာ ကျန်နေခဲ့သည်။ ဒါမှ သူမတာဝန်ပြီးသွားမှာ။
![](https://img.wattpad.com/cover/306510480-288-k923778.jpg)
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]
RomanceTitle The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Kuang 醉梦轻狂 Status in COO raw: 220 Chapters (Completed) TL: 300 Myanmar Trans.. Cutiecryatal Translatio...