10

361 74 2
                                    

#Unicode
အခန်း(၁၀)
ပေါက်ကရတွေ
<<<<<

"မရီးတဲ့လား?"
လန်လန်က သူလုပ်နေသည့် အရာမှန်သမျှကို ရပ်လိုက်ပြီး ယန်းရှီးယွီကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သို့သော်လည်း သူက ချင်ကျိုးကို မှီတွယ်နေသေးဆဲဖြစ်ကာ ဖယ်ပေးရန်ပင် စိတ်ထဲမရှိပေ။

ချင်ကျိုးကလည်း လန်လန် သူ့အပေါ် မှီတွယ်ထားသည်ကို ခွင့်ပြုပေးထားပြီး ယန်းရှီးယွီ၏ တုန့်ပြန်ချက်ကို မြင်ချင်ဟန်ဖြင့် မသိလိုက်မသိဘာသာဖြင့် ယန်းရှီးယွီ၏ မျက်နှာကို ကြည့်နေမိလိုက်သည်။ သို့သော်လည်း တစ်ဖက်လူက မျက်နှာလွှဲလိုက်ပြီး လျစ်လျူရှုခံထားရသော စားပွဲပေါ်က ဖန်ခွက်ကိုယူပြီး တစ်ငုံစုပ်သောက်လိုက်လေသည်။

"ချင်ကော ညာပြောနေတာမဟုတ်လား?"
လန်လန်က ချင်ကျိုး၏ ပခုံးပေါ်မှီရင်း နှုတ်ခမ်းဆူရင်း ပြောလာသည်။
"ကောပဲပြောတော့ တို့လို ပုံစံမျိုးကိုကြိုက်တာပါဆိုပြီးတော့ သူ့လိုလူမျိုးနဲ့ ဘယ်လိုလုပ် အတူရှိနေနိုင်မှာလဲ?"

"အဲ့လိုပြောခဲ့မိလို့လား?"
ချင်ကျိုးက သတိလက်လွတ်ပြန်မေးလိုက်မိသည်။

"အဲ့လို သေချာပေါက် ပြောခဲ့တာပါနော်..."
လန်လန်က အောက်နှုတ်ခမ်းလေးကို ကိုက်ရင်း မပျော်မရွှင်ဖြစ်စွာ ပြောလိုက်သည်။
"ယောက်ျားတွေရဲ့ ပါးစပ်က အလိမ်အညာတွေနဲ့ပြည့်နေတာပဲ..."

"ကိုယ် မလိမ်ခဲ့ပါဘူးကွာ..."
ချင်ကျိုးက သူ့လက်လေးကို လှမ်းကိုင်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"အပြောင်းအလဲလေးဖြစ်အောင် စမ်းကြည့်နေတာ..."

ဘားထဲတွင်ရှိနေသော မည်သူကမှ ဤစကားဝိုင်းကို အတည်ယူကြမည်မဟုတ်ပေ။ လန်လန်၏နာကျင်ကြေကွဲနေသော အမူအရာကို အတည်ယူ၍မရပေ။ သူကလည်း အချစ်ရေးအချစ်ရာနယ်ပယ်တွင် အတွေ့အကြုံရင့်နေသော ကစားသမားတစ်ဦးဖြစ်သည်။ အရာအားလုံးက ဟန်ပြမျှသာဖြစ်လေသည်။

လူတိုင်းက ထုတ်ပြောစရာမလိုဘဲ သူတို့၏ကိုယ်ပိုင် ဇာတ်ကောင်နေရာတွင် ကစားကြပြီး ကလူ၏သို့မြှူ၏သို့သော စကားများကို ပြောကြပြီးနောက်တွင် သူတို့လုပ်ချင်သည့်အရာများကို လုပ်ကြသည်သာဖြစ်ပြီး စိတ်ထဲတွင် အတည်မှတ်ပြီး မခံစားကြချေ။

Blank Charge (Myanmar Translation)Where stories live. Discover now