#Unicode
အခန်း (၁)
ပညာတတ်လူရမ်းကား
<<<<<သူ့ဘောင်းဘီအိတ်ကပ်ထဲတွင်ရှိနေသော ဖုန်းက ရုတ်တရက်တုန်ခါလာချိန်၌ လူသူကင်းမဲ့နေသော တရားခွင်ထဲတွင် လူတစ်ဦးချင်းစီ စတင်ထွက်ပေါ်လာတော့သည်။
ချင်ကျိုးက ခေါင်းကို အောက်ငုံ့၍ ကြည့်လိုက်သော်လည်း သူ့ဖုန်းကို အပြင်ထုတ်၍မကြည့်ရသေးခင်တွင် တရားသူကြီးသုံးဦးက တံခါးမှဝင်လာ၍ သူ၏လုပ်ရပ်ကို နှောင့်ယှက်လိုက်သည်။
တရားခွင်နားချိန်က ကုန်ဆုံးသွားပြီဖြစ်၍ အရေးအကြီးဆုံးဖုန်းကောလ်ဆိုလျှင်ပင် ချပစ်ရပေမည်။
တရားပြိုင်ကို ဘီလစ်စာရေးမှ တရားခွင်ထဲသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး တရားသူကြီးချုပ်မှာ တရားရုံးသုံးတူကို အောက်သို့ရိုက်ချလိုက်ပြီး အမူအရာမဲ့နေသောမျက်နှာထားနှင့်ပြောလိုက်သည်။
"အခု တရားခွင်ထဲမှာ စီရင်ချက်ချတော့မယ်..."ရာဇဝတ်မှုအသေးစားအတွက် ချေပချက်ဗျူဟာမှာ မှားယွင်းနေခြင်းမရှိသည့်အတွက် အဆုံးတွင်တော့ တရားသူကြီးမင်းမှာ ချင်ကျိုး၏ လျှောက်လဲချက်ချက်ကို လက်ခံလိုက်ပြီး တရားပြိုင်၏ ပြစ်ဒဏ်ကိုလျှော့ချပေးလိုက်သည်။
"ရှေ့နေချင်ရယ် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ!"
တရားပြိုင်မှာ ချင်ကျိုးကို အဆက်မပြတ်ကျေးဇူးစကားဆိုနေသည်။
"အခုကစပြီးတော့ ကျွန်တော် ဥပဒေလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာအောင် သေချာပေါက်လုပ်မှာပါ!"ပြစ်မှုကျူးလွန်သူအများစုက ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီးနောက်တွင် ထိုသို့ပြောဆိုကြသော်လည်း ထောင်မှလွတ်ပြီးနောက်တွင် ထိုစကားများကို ရင်ထဲတကယ်ထည့်သည်လားကတော့ အခြားကိစ္စပင်ဖြစ်သည်။
ချင်ကျိုးက တရားပြိုင်ကိုစကားအနည်းငယ်ပြောပြီး နှစ်သိမ့်ပေးလိုက်ကာ ထောင်ထဲရောက်နေချိန်တွင် ပိုမိုသင်ယူလာရန်နှင့် တရားခွင်ထဲမှ အပြင်သို့ရောက်သည်နှင့် ဟူကျစ်ကိုဖုန်းခေါ်ပါရန် ပြောလိုက်သည်။
တရားရုံး၏ကော်ရစ်ဒါတွင် တိတ်ဆိတ်ကာ လူသူကင်းရှင်းနေပြီး လေထုတစ်ခုလုံးကတင်းကြပ်နေလျက်ရှိသည်။ သို့သော်လည်း ချင်ကျိုး၏ဖုန်းမှ အချက်ပေးသံတစ်ခုထွက်သည်နှင့်တစ်ပြိုင်နက် ဘေးချင်းကပ်ရပ်မှ ရာဇဝတ်မှုတရားခွင်ထဲတွင် အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။ ပရော်ဖက်ရှင်နယ် ကျကျဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က သူမ၏ဖုန်းထဲသို့အော်ဟစ်နေရင်း အပြင်သို့ပြေးထွက်လာသည်။
"ဒီမှာ အရေးကြီးသတင်းတစ်ခုရှိနေတယ်... မနက်ဖြန်အတွက် သတင်းခေါင်းစီးပိုင်းကို ငါ့အတွက်သိမ်းပေးထားလိုက်တော့!"
![](https://img.wattpad.com/cover/356928903-288-k895595.jpg)
YOU ARE READING
Blank Charge (Myanmar Translation)
Mystery / ThrillerLanguage Chinese Author Empty Chrysanthemum 空菊/Kong Ju Year 2022 Status in COO 66 Chapters တရားသူကြီး×ရှေ့နေ လူမိုက်အယောင်ဆောင်×ဝတ်စုံပြည့်နဲ့လူရမ်းကား Topတရားသူကြီး×Bottomရှေ့နေ နှစ်ယောက်လုံးက ကိုင်တွယ်ရလွယ်သူတွေပါ Topက တက္ကသိုလ်တက်ရင်း ကျူတာလုပ်ခဲ...