6

371 75 1
                                    

#Unicode
အခန်း(၆)
ကိစ္စတွေရှုပ်ထွေးလာကုန်ပြီ
<<<<<

ချင်ကျိုးက နောက်တစ်နေ့တွင် ပုံမှန်ကဲ့သို့ နေဖင်ထိုးမှ အိပ်ရာကထလိုက်သည်။ ယန်းရှီးယွီထိုးခဲ့သော သူ၏ဝမ်းဗိုက်အောက်ပိုင်းမှာ လုံးဝမနာကျင်တော့သော်လည်း လိမ်ချိုးခံလိုက်ရသော ညာဘက်ပခုံးကမူ ယခုအချိန်အထိ မသက်မသာဖြစ်နေရဆဲပင်။ လက်မြှောက်လိုက်တိုင်း နာကျင်နေရသည်။

ယန်းရှီးယွီက သူဖြစ်နေမှန်းမသိ၍ အလွန်အကျွံအားသုံးလိုက်သည့်ပုံပင်။ အကယ်၍ ယန်းရှီးယွီသာ သူမှန်းမသိဘဲ ထပ်မံ၍ရိုက်နှက်ပါက လုံးဝညှာတာမည်မဟုတ်လောက်၍ အချိန်အတော်ကြာ အိပ်ရာထဲမှ မထနိုင် ဖြစ်သွားလောက်သည်။

"သေစမ်း...အဲ့ကောင် အရမ်းရက်စက်ပဲ..."
ချင်ကျိုး ရေရွတ်လိုက်သည်။
"လုံးဝကိုမညှာတာပေးတာ..."

ပြင်ဆင်ခြယ်သ၍ ပြီးချိန်တွင် ချင်ကျိုးက ပေါက်ဆီဆိုင်သို့သွားကာ မနက်စာဝယ်စားပြီး ကားပြင်ဆိုင်သို့ သွားလိုက်သည်။

ဆိုင်အကူလေး ရှောင်ဝူက ဆိုင်ဖွင့်ထားပြီးပြီဖြစ်ပြီး ချင်ကျိုးရောက်လာသည်ကိုမြင်ပြီး နှုတ်ဆက်လေသည်။ ထို့နောက်တွင် ကားများပေါ်မှ ဆပ်ပြာမြှုပ်များကို ရေပန်းဖြင့်ဆေးချနေသည်။

ဘေးဘက်မှ အဟောင်းဆိုင်မှ ဈေးညှိသံတို့ ထွက်ပေါ်လာသည်။ ချင်ကျိုးသွားကြည့်ချိန်တွင် လူတစ်ယောက်က ရွှေဆွဲကြိုးလာပေါင်သော်လည်း ပေးသည့်ဈေးနှုန်းကို သဘောမကျ၍ ဈေးညှိနေကြောင်း မြင်လိုက်ရသည်။

"မင်းပြောတဲ့ဈေးက မများလွန်းဘူးလား? ယွမ်သုံးထောင်ကျော်ရုံလေးရှိတာကို မင်းက တစ်ရာတောင် ဝန်ဆောင်ခတောင်းချင်နေသေးတယ်... ငါပြန်လာရွေးရင်လည်း မင်းကို အတိုးထပ်ပေးရဦးမယ်... ဒါက အမြတ်ကြီးစားနေတာမှမဟုတ်ရင် ဘာလဲပြော?"
သက်လတ်ပိုင်းအရွယ်လူကြီးက စောဒကတက်နေသည်။

ကောင်တာနောက်တွင်ရှိနေသော ယွီဟယ်က စိတ်ရှည်စွာရှင်းပြနေသည်။
"ဒါက ပုံမှန်အတိုးနှုန်းတွေပါဗျာ... ခင်ဗျားကြိုက်တဲ့နေရာ သွားလို့ရတယ် ဈေးကအတူတူပါပဲ..."

Blank Charge (Myanmar Translation)Where stories live. Discover now