#Unicode
အခန်း(၉)
မရီး
<<<<<ထိပ်တန်းအဆင့်ရှေ့နေများက အဆင့်မြင့်အမှုများကို လိုက်နိုင်ရန်အတွက် အဆင့်မြင့်လူမှုရေးအဆက်အသွယ်များကိုထားရှိသဖြင့် လူမှုရေးအသိုင်းအဝိုင်းတွင် ကျွမ်းကျင်လိမ္မာကြသူများဖြစ်ကြသည်။
ချင်ကျိုးက ပရဟိတလေလံပွဲများ မကြာခဏသွားတတ်သော ထိပ်တန်းအဆင့် ရှေ့နေများနှင့် မိုင်ပေါင်းများစွာဝေးကွာလှသည့် ဥပဒေအကျိုးဆောင် ကုမ္ပဏီအသေးစားလေးတွင် အချိန်ပိုင်း ရှေ့နေ့အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ သို့သော်လည်း သူ့တွင် မရေမတွက်နိုင်သော ဝီချက်သူငယ်ချင်းများစွာရှိပြီး အနီးအနားရှိလမ်းများမှ စီးပွားရေးလုပ်ငန်းရှင်များစွာနှင့် ခင်မင်ရင်းနှီးနေ၍ လူတိုင်းကသူ့ကို သိကြပေသည်။
"သုံးနာရီအတွင်း ကားကို အဆင့်သင့်ဖြစ်နေစေရမယ်..."
ချင်ကျိုး ကားထဲမှထွက်လာပြီး ကားအပြင်တွင်စောင့်နေသော လော့ရွှယ်ချင်းကို ပြောပြလိုက်သည်။အခြားတစ်ဖက်မှ ရှောင်ဝူက ချင်ကျိုး၏စကားကိုကြားပြီး အလုပ်လုပ်နေရာမှရပ်လိုက်ကာ သူ့ကိုသိချင်စိတ်အပြည့်ဖြင့်ကြည့်ပြီး မေးလိုက်သည်။
"ချင်ကော... အိမ်ပြန်ပြီးနားမလို့ဆို?""ရပါတယ်... ဒါပြီးမှပဲ အိမ်ပြန်လိုက်တော့မယ်..."
ချင်ကျိုးပြန်ဖြေလိုက်သည်။ ပုံမှန်ဆိုလျှင် သူက ယခုကဲ့သို့ အလျှင်လိုနေသောတောင်းဆိုမှုများကို လက်ခံမည်မဟုတ်သော်လည်း အရည်အချင်းပြည့်မီသော "လူမှုဆက်ဆံရေး ကျွမ်းကျင်လိမ္မာသူ" တစ်ယောက်အနေဖြင့် မိတ်ဆွေအသစ်ဖွဲ့ရန် အခွင့်အရေးကို လက်လွှတ်မခံချင်ခဲ့ပေ။"အဲ့လိုဆိုမှတော့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်..."
လော့ရွှယ်ချင်းက ပြောသည်။
"ပြီးတော့လေ ကားကို မောင်းရတာ သိပ်ပြီး ချောချောမွေ့မွေ့မရှိဘူးလို့လည်း ခံစားနေရသေးတာ..""ပုံမှန်ပါပဲ..."
ချင်ကျိုး ကောင်တာဆီသို့သွားပြီး အလုပ်အော်ဒါကို ချရေးနေလိုက်သည်။
"ဒီကားက အဆင့်နိမ့်ဗားရှင်းမလို့ပါ...""အဆင့်နိမ့်တယ်?"
လော့ရွှယ်ချင်းက မျက်မှောင်ကြုတ်ရင်း ချင်ကျိုးကို ပဟေဠိဖြစ်နေသော အမူအရာဖြင့်ကြည့်လိုက်သည်။
YOU ARE READING
Blank Charge (Myanmar Translation)
Mystery / ThrillerLanguage Chinese Author Empty Chrysanthemum 空菊/Kong Ju Year 2022 Status in COO 66 Chapters တရားသူကြီး×ရှေ့နေ လူမိုက်အယောင်ဆောင်×ဝတ်စုံပြည့်နဲ့လူရမ်းကား Topတရားသူကြီး×Bottomရှေ့နေ နှစ်ယောက်လုံးက ကိုင်တွယ်ရလွယ်သူတွေပါ Topက တက္ကသိုလ်တက်ရင်း ကျူတာလုပ်ခဲ...