Chapter 6.2

124 13 0
                                    

Unicode
ဝူယီလေးသည် သူ့ခြေသည်း(ယခုခြေထောက်)များပေါ်တွင် ရုတ်တရက်ပေါ်လာသော အရာများကို ကြည့်ပြီး သူ့မျက်လုံးများက မတောက်ပဘဲမနေနိုင်ချေ။  မှော်ပညာအသစ်ကို ရှာဖွေတွေ့ရှိသူလို ပြန်သိမ်းလိုက်၊ ထုတ်လိုက် အကြိမ်အနည်းငယ် စမ်းလုပ်ကြည့်လိုက်တယ်။ နှာနဲနဲချေမိတော့မှ သူ့ကိုယ်ပေါ် အဝတ်အစား အရင်ဝတ်ဖို့ သတိရသွားတယ်။ 

အဝတ်အစားဝတ်ပြီးနောက် ဝူယီလေး သည် နျဲ့ရှောင်၏ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပုံစံပြောင်းလဲသွားတဲ့ သူ၏အိတ်သေးသေးနှစ်လုံးကို ဆက်လက်လေ့လာနေခဲ့တယ်။ 

ဘယ်ဘက်မှာရှိတဲ့ မှောင်မဲနေသောစင်များသည် သက်မဲ့အရာဝတ္ထုများကိုသာ သိမ်းဆည်းထားနိုင်ပုံရပြီး အလိုအလျောက် အမျိုးအစားခွဲခြင်းနှင့် အဆုံးမရှိ သိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိသည်။  ညာဘက်တွင် စိမ်းလန်းသောတောင်တန်းများရှိသော ချိုင့်ဝှမ်းသည် သက်ရှိရော သက်မဲ့အရာဝတ္ထုများကို ထားရှိနိုင်ပါသည်။

ဝူယီလေး သည် စိမ်းလန်းသော တောင်တန်းများ နှင့် စမ်းချောင်းများ ရှိသည့် ချိုင့်ဝှမ်း နေရာကို အာရုံစိုက်လိုက်တဲ့အခါကာ  အတွေးတစ်ချက်ထဲဖြင့် စိုက်ပျိုး နိုင်သော လယ်ကွင်း ပေါ်တွင် သူကိုယ်တိုင် မတ်တပ်ရပ် နေသည် ကို တွေ့လိုက်ရသည်။  လေပြည်က သူ့မျက်နှာကို ပွတ်တိုက်သွားတဲ့ ဒီကမ္ဘာဟာ အတုအယောင်မဟုတ် အစစ်အမှန်ဆိုတာကို ယုံကြည်သွားခဲ့တယ်။ 

သူက လှည့်ပတ်ကြည့်လိုက်တယ်။  ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် တိမ်များဖုံးလွှမ်းနေပြီး အဘယ်မှာအဖျားခံမှန်းမသိသော ကြည်လင်ပြတ်သားသော စမ်းချောင်းလေးသည် စီးဆင်းနေကာ ချောင်းဘေးတွင် စိုက်ပျိုးမြေတစ်ကွက်စီ ရှိနေသည်။

ဝူယီသည် သူ့ရှေ့ရှိ သုခဘုံနှင့်တူသော မြင်ကွင်းကို ကြည့်ပြီး စိတ်လှုပ်ရှားမှုကြောင့် ပျော်ရွှင်သွားသည်။  ဤအရာအားလုံးကို နျဲ့ရှောင်အား ပြောပြရန် ရုတ်တရက် သူ မစောင့်နိုင်တော့ပေ။ 

ဒီအရွယ် အိတ်လေးနှစ်လုံးထဲ အစားအသောက် ဘယ်လောက်တောင်ထည့်လို့ရနိုင်လဲ။  Daddy က အနာဂတ်မှာ အလုပ်မလုပ်ရင်တောင် Daddy ကို သေချာပေါက် ငါ ကျွေးမွေးနိုင်ပါသေးတယ်။ 

You've reached the end of published parts.

⏰ Last updated: Jan 02 ⏰

Add this story to your Library to get notified about new parts!

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now