Chapter 5.5

177 14 0
                                    

Unicode

Duan Wenyu  -ဒွမ်ဝမ်ယူ
Ning Feng       -နင်းဖုန်
Wu wenqi        -ဝူဝမ်ချီ
Xiao Yan         -ရှောင်ယန်

တရုတ်ပြက္ခဒိန်၊ ၂၀၂၅ ခုနှစ်၊ ပထမလ၏ ၁၀ရက်မြောက်နေ့။

12:00 နာရီ။

သန်းခေါင်ယံ ခေါင်းလောင်းသံနှင့်အတူ၊ မကြုံစဖူး ကြီးမားကျယ်ပြန့်သော ကြယ်ကြွေခြင်းသည် ကမ္ဘာဂြိုလ်တစ်ခုလုံးကို သတိပေးခြင်းမရှိဘဲ ရိုက်ခတ်သွားသည်။ တစ်ကမ္ဘာလုံးရှိ မရေမတွက်နိုင်သောလူများသည် ညကောင်းကင်ယံကို အချို့ကတော့ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ တစ်ချိန်တည်း တစ်ပြိုင်နက် မျှော်ကြည့်နေကြသည်။

သိပ်မကြာခင်မှာပဲ တစ်ကမ္ဘာလုံးကို အနက်ရောင် အခိုးအငွေ့တွေ ဖုံးလွှမ်းသွားခဲ့တယ်။

ပြတင်းပေါက်အပြင်ဘက်မှာ ပြိုးပြိုးပြက်ပြက်ပြက်ဖြစ်နေတဲ့ ကြယ်ကြွေခြင်းက နျဲ့ရှောင်ရဲ့အာရုံကို ဖမ်းစားသွားခဲ့တယ်။ အခြေအနေကိုကြည့်ရန် ပြတင်းပေါက်ဆီသို့ လျှောက်သွားချင်သော်လည်း မတ်တပ်ထရပ်လိုက်သောအခါတွင် ကမ္ဘာကြီးသည် လှည့်ပတ်သွားသလို ခံစားလိုက်ရတယ်။

နျဲ့ရှောင်သည် သူ့ကိုယ်သူ နံရံကို အမြန်ထောက်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

သူ့ညီမကိုဖုန်းဆက်ပြီး အခြေအနေအကြောင်းပြောပြတော့မယ့် Wu Wenqi ဟာ ရုတ်တရက် ဖျော့တော့သွားပြီး နျဲ့ရှောင်ကို ကြည့်ရင်း လက်ထဲမှဖုန်းက မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်။

"ဘော့စ်..."

သူပြောချင်တာကို အဆုံးမသတ်နိုင်ခင်မှာ၊ Wu Wenqi ဟာ Xiao Yan ရဲ့ဘေးမှာ မေ့မြောသွားခဲ့တယ်။

နျဲ့ရှောင်သည် ဆိုးရွားသော အတွေးတစ်ခုကိုတွေးမိသွားသည်။ သူ့တစ်ကိုယ်လုံး အေးစက်နေသော ချွေးစေးများဖြင့် ဖုံးလွှမ်းနေပြီး အသင်းဖော်များဆီသို့ လျှောက်လှမ်းကာ နှစ်ယောက်စလုံးကို ကောင်းမွန်စွာ နေရာချထားခဲ့သည်။

ဖုန်းခေါ်ဆိုမှုတွင် Duan Wenyu သို့မဟုတ် Ning Feng ထံမှ တုံ့ပြန်မှု မရှိခဲ့ဘဲ တံခါးအပြင်ဘက်တွင် ဆူညံနေသော ခြေသံများနှင့် မြေပြင်ပေါ်သို့ အရာဝတ္ထုများပြုတ်ကျနေသည့် ပေါက်ကွဲသံများကိုသာ ကြားနေရသည်။ သူတို့နှစ်ဦး ဆေးကုသဆောင်တွင် မူးလဲနေပြီလားဆိုတာ မသိနိုင်ပေ။

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးWhere stories live. Discover now