29. Be my forever

Start from the beginning
                                    

လွမ်းပါတယ်လို့ ပါးစပ်က မပြောပေမဲ့ ရင်ခွင်ထဲကို တန်းတန်းမတ်မတ် ပြေးဝင်လာသည်။ ' စွမ်းလိုက်တာ ' ဆိုသည့်စကားကို ပြန်ကြားယောင်ပြီး သဘောမကျဘဲမနေနိုင် ။ အမြဲလိုလို တည်တည်ငြိမ်ငြိမ်နှင့် လူကြီးပေါက်စက တစ်ခါတလေ ကလေးထဆန်လျှင် တအားချစ်ဖို့ကောင်းသည်။ အခုလည်း ကိတ်ဘူးကို ဖွင့်ပြီး ခရင်မ်တွေကို လက်နှင့်ကော်စားနေသည် ။

" ဖယောင်းတိုင် ထွန်းဦးလေကွာ "

ပါးစပ်ကပြောပြီး သူကိုယ်တိုင် ဖယောင်းတိုင်တစ်တိုင် ကိတ်ပေါ် ထွန်းပေးရာ မွေးနေ့ရှင်က ဘေးကနေ လက်ညှိုးစုပ်ပြီး ပြုံးကြည့်နေ၏။ နောက်ပြီး မွေးနေ့ကိတ်နှင့်တွဲကာ ဓာတ်ပုံရိုက်သည်။

" ဆုတောင်းဦး "

မွေးနေ့ကိတ်ကို ဘုဏ်းဇေပဲ ကိုင်ထားပေးရသည်။ ရှင်းသန့်က လက်နှစ်ဖက်ကိုဆုပ်၍ မျက်လုံးတွေမှိတ်ပြီး အသံမထွက်ဘဲ ဆုဝောာင်းသည်။

" ဘာဆုတောင်းလဲ "

" မပြောဘူး "

" မောင်က ဒါလေးတောင် သိခွင့်မရှိဘူးလား "

မျက်နှာကို တမင်ညှိုးငယ်ပြလိုက်တော့ ပါးကို ခရင်မ်နှင့် လာတို့သည်။

" ဒရာမာ မခင်းနဲ့ ၊ ငါက ဘာဆုတောင်းရမှာလဲ ၊ ခါတိုင်းလိုပဲပေါ့ "

" ချစ်ရသူတွေနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေလို့လား "

အာရုံက သူ့ကိုပြန်ပြောဖို့ထက် ကိတ်စားသည့်ဘက် ပိုရောက်သွား၏ ။ အတုံးကြီးကြီးလှီးပြီး တစ်ဝက်လောက်ထိ ကိုက်စားကာ ကျန်တစ်ဝက်ကို ဘုဏ်းဇေပါးစပ်ထဲ ခွံ့ကျွေးသည်။ မွေးနေ့မို့ ခွံ့ကျွေးခြင်းမဟုတ်။ အရင်က ဘုဏ်းဇေ တစ်ခုခုစားလျှင် ရှင်းသန့်ကို ခွံ့ကျွေးခိုင်းရာကနေ နောက်တော့ ရှင်းသန့်က ဘာစားစား သူ့ပါးစပ်ထဲ လာထည့်သည်မှာ အကျင့်လိုဖြစ်သွားသည် ။

" ရှင်း ...မောင့်နောက်လိုက်ခဲ့ ၊ မင်းကို ပြစရာတစ်ခုရှိတယ် "

" အခုလား ၊ နေပါဦး ဒါလေး စားပါဦးမယ် "

လက်ကျန်ကိတ်အပိုင်းအစကို မခွဲနိုင်မခွာရက် ဖြစ်နေသည်မို့ ထိုကိတ်ကိုပါ ကောက်ယူလာခဲ့ရသည်။ သည်တော့မှ နောက်ကနေ ပြုံးတုံ့တုံ့နှင့် ပါလာ၏။ ကော်ဖီအေးနှင့် ကိတ်အချိုတစ်မျိုးမျိုးသာ ကျွေးလျှင် ရှင်းသန့်တည်က ဘယ်သူလာဖြားယောင်းယောင်း လိုက်သွားမလားတောင် စိုးရိမ်ရသည်။

Forget-Me-Nots  { Completed }Where stories live. Discover now