Volume _4 Chapter (38): ဝက်ဝံကြီးရဲ့ ခွင့်လွှတ်မှု တောင်းခံသည့် နည်းလမ်း

Start from the beginning
                                    

ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲက Tang နဲ့ ပြင်ပမှ Tang Feng တို့ဟာ အစကတည်းက သူတို့ရဲ့ဘဝတွေကို ပြောင်းလဲစေခဲ့သည် ။

"ဘေဘီ...၊ ဒီဇာတ်ကားက လုံးဝ ကွက်တိ မင်းအတွက်ပဲလို့ မထင်ဘူးလား"

သူ့မျက်နှာကနေ မုတ်ဆိတ်အတုကို ဖယ်ထားတဲ့ Charles က Tang Feng ရှေ့မှာ လန်းဆန်းတက်ကြွတဲ့ ပုံစံနဲ့ ရပ်နေသည်။

အနက်ရောင်ဘောင်းဘီတစ်ထည်ကိုသာ ဝတ်ထားပေမယ့် ချားလ်၏ပုံက တကယ့်ကို တက်ကြွ လန်းဆန်းနေပါသည်။

သူ့တင်ပါးကို လက်နှစ်ဖက်နဲ့ ကိုင်ထားက မတ်တပ်ရပ်နေပုံက သူ့ရဲ့ တောင့်တင့်လှပသည့် ကိုယ်ဟန် ပုံသဏ္ဍာန်ကို ရည်ရွယ်ချက်ရှိရှိ ပြသနေသလိုပါပဲ၊ Charles က ဆက်ပြောခဲ့သည်။

"မင်းလည်း နတ်ဘုရားရဲ့ လူဝင်စားဖြစ်နိုင်တယ် အိုးမိုင်ဂေါ့.... ကိုယ်မတွေးမိဘူး.... အဲဒါက စိတ်လှုပ်ရှားဖို့ကောင်းတယ်"

"မင်းက ဘုရားတွေကို စော်ကားမလို့လား။"

အဲဒီလူကို မော့ကြည့်လိုက်ပြီးနောက် Tang Feng က ဗီရိုကို လက်ညှိုးထိုးပြပြီး ဝတ်ဖို့ အဝတ်အစားရှာခိုင်းလိုက်သည်။ ပြီးနောက် Tang Feng တစ်ယောက်တည်း ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

ကော်ဖီဆိုင်မှ ထွက်လာပြီးနောက် Charles သည်လည်း သူနှင့် ဟိုတယ်ခန်းအထိ ကပ်လိုက်လာခဲ့ကာ ပြန်မသွားချင်တော့ပေ။ Tang Feng လည်း ထိုအချက်ကို ခေါင်းထဲ သိပ်မထည့်တော့ပေ။

Charles နဲ့ Albert က ကြိုပြီး သဘောတူထားပြီးသားဆိုတော့ သိထားပြီးနောက် Charles က သူနဲ့ပြန်လာတဲ့အခါ အဲလ်ဘတ် နဲ့ တိုးမလားဆိုသည့်အချက်က သူ စိုးရိမ်ရမယ့်အရာ မဟုတ်ပေ။

ထို့ကြောင့် Charles နှင့် Tang Feng သည် တက္ကစီဖြင့် ဟိုတယ်သို့ ပြန်သွားခဲ့သည်။ နေ့တိုင်း ဟိုတယ်ပြန်လာတိုင်း တွေ့နေရသည့် Albert ဟာ မထင်မှတ်ပဲ ဟိုတယ်တွင် မရှိခဲ့ပေ။ Tang Feng သည် ကနဦးတွင် ပဟေဠိဖြစ်နေခဲ့ပေမယ့် လျင်မြန်စွာ တွေးတောကာ Charles လာမည်ကို အဲလ်ဘတ် သိထားပြီးဖြစ်လို့ ရှောင်ထွက်သွား ဖြစ်လိမ့်မည်။

ရေချိုးခန်းထဲမှာ တစ်နာရီကြာအောင် ရေစိမ်ပြီးနောက် Tang Feng ဟာ သူ့ရဲ့ ညအိပ်ဝတ်နဲ့ ဘောင်းဘီကို ဖြည်းညှင်းစွာ ဝတ်ဆင်ပြီး အိပ်ခန်းထဲကို ဝင်သွားခဲ့သည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now