"Nae boss"

Myလည်း ဒူးထောက်နေတဲ့ မိန်းမကို လက်ကနေဆွဲခေါ်သွားပြီး company အပြင်ဘက်တွန်းထုတ်ကာ တံခါးပိတ်လိုက်သည်။

"နောက်တစ်ခါ ဒီလိုကိစ္စထပ်ဖြစ်ကြည့် ကိုယ့်ထက်သာရင်မနာလိုရုံနဲ့မပြီးဘူး သူလိုဖြစ်အောင်ကြိုးစား နောက်ခါဒီလိုအနိုင်ကျင့်တာတွေ့ရင် ဝန်ထမ်းတွေအကုန်လုံးလစာဖြတ်ပစ်မယ် ကြားလား"

ဟုတ် စည်းကမ်းတွေကိုသေချာလိုက်နာပါ့မယ် သူဌေး"  (ပြိုင်တူ)

"ယောင်း ထနိုင်လား"

"ဟင့်အင် ခြေထောက်ခေါက်သွားတယ်ထင်တယ် လဲတဲ့အချိန် ခြေမျက်စိနားကအရမ်းနာနေတယ် မောင် ဟင့်ဟင့်"

မျက်ရည်တွေဝဲကာပြောနေတဲ့ ချစ်ရသူကိုမြင်တိုင်း ဟိုမိန်းမကို သတ်ပြစ်ချင်စိတ်ကတဖွားဖွားဖြစ်လာသည်။

"လာ မောင်ချီမယ် ပြီးရင်ဆေးလိမ်ရမယ်နော်"

"ဟုတ်"

"My ဆရာဝန်ခေါ်လိုက်"

"Nae boss"

Jkလည်း taeကိုပွေ့ချီပြီး ရုံးခန်းထဲဝင်ကာဆိုဖာပေါ်မှာချပေးလိုက်သည်။

သူတို့ဝင်သွားသည်နှင့် ဝန်ထမ်းတွေရဲ့စကားပြောသံတွေက တစီစီထွက်လာတော့သည်။

"ဟိုခလေးက သူဌေးသားတဲ့မထင်ရဘူး"

"ဟုတ်ပါ့"

ထိုသို့စကားသံများ အပြိုင်ထွက်နေချိန် myပြန်ဝင်လာတာကြောင့် အကုန်လုံးပါးစပ်တွေပိတ်သွားကြသည်။

"ဒေါက်တာ ဟိုအခန်းထဲဝင်သွားလိုက်ပါနော်"

"ကောင်းပါပြီ"

"ဝန်ထမ်းတွေအကုန်လုံး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပဲမှာချင်တယ် မစီမဆိုင်တွေကို စကားလုပ်ပြောနေတာတွေကို ရပ်ကြရင်ပိုကောင်းမယ်လို့ထင်ပါတယ်"

"ဟုတ်ကဲ့"

Myက jkရဲ့ ဘတ်စုံလုပ်ရသူမို့ jkမရှိချိန်ဆို ဝန်ထမ်းတွေက myကိုကြောက်ရသည်။

Myလည်း မှာစရာရှိတာမှာပြီး ဌာနအသီးသီးကိုစာရင်းစစ်ဖို့သွားရတော့သည်။

ရုံးခန်းထဲမှာတော့....

"Doctor ခြေထောက်ကရိုးရိုးခေါက်တာဟုတ်ရဲ့လား ယောင်နေတယ်ထင်တယ်"

My Darlin~~(TK) {Complete}Where stories live. Discover now