"ဟို မောင့်ဝန်ထမ်းတွေက taeကိုသဘောမကျတဲ့ပုံပဲနော် မောင်"

"ဝန်ထမ်းတွေနဲ့မှ company လည်ပတ်နိုင်တာမှန်ပေမယ့် ကိုယ့်သူဌေးရဲ့အချစ်ရေးမှာသူတို့ဝင်စွက်ဖက်ခွင့်မရှိဘူး ယောင်း သူတို့သဘောကျဖို့မလိုဘူး မင်းကို ဒီကလူသဘောကျရင်ရပြီ ဘာမှစိတ်ထဲမထားနဲ့ ကြားလား ပြွစ်မွ"

Taeကို ခလေးတွေလိုခေါင်းလေးပွတ်ပေးပြီး စကားကိုအေးအေးဆေးဆေးလေးပြောပြကာပြီးတော့ နဖူးကိုဖိကပ်နမ်းလာသည်။

"ဟုတ် ယောင်း ဘာစလုပ်ရမလဲ"

"လာ ကိုယ် လုပ်ရမဲ့စာရင်းတချို့ရှင်းပြမယ်"

"ဟုတ်"

Jkလည်း သူ့ခုံမှဝင်ထိုင်သလို taeလည်း jkစားပွဲရှေ့ကချပေးထားတဲ့ထိုင်ခုံမှထိုင်ဖို့ပြင်လိုက်သည်။

"ကျစ် ဘာလို့အဲ့မှာထိုင်မှာလဲ စာရင်းတွေရှင်းပြပါ့မယ်ဆို"

"အဲ့ကြောင့် Tae ဒီမှာထိုင်မလို့လေ မောင်ကလည်း"

"မင်းလေးကအဲ့ခုံမှာထိုင်ရမှာမဟုတ်ဘူးလေ ကိုယ့်ပေါ်မှာထိုင်ရမှာ လာ ဒီမှာလာထိုင်"

ပေါင်ကိုပုတ်ပြပြီး ခေါ်နေတဲ့ jkကြောင့် taeလည်း ကြောင်တောင်တောင်ရပ်နေမိသည်။

ထိုချိန် ရုတ်တရတ်ဆောင့်ဆွဲခံလိုက်ရတာကြောင့် အရှိန်မထိန်းနိုင်ပဲ taeဟာ jkပေါင်ပေါ်ထိုင်ရက်သားဖြစ်သည်။

"မောင် ဝန်ထမ်းတွေဝင်လာရင်ဘယ်လိုလုပ်မလဲ"

"ကိုယ် ဝင်လို့မပြောသရွေ့ ဘယ်သူမှဝင်မလာရဲဘူး စာရင်းကိုကြည့်"

"ဟုတ်"

Jkလည်း taeကိုပေါင်ပေါ်တင်ထားပြီး လုပ်ရမဲ့ပုံစံတွေသေချာပြောပြနေပြီး လက်တစ်ဖက်ကပုံစံတွေဆွဲပြလုပ်ပြပြီး နောက်တစ်ဖက်က taeရဲ့ပါးရှရှအကျီအောက်က တပွေ့စာခါးလေးကိုဖက်လိုက် ပွတ်သတ်လိုက်လုပ်နေတော့သည်။

Taeပြောချင်ပေမဲ့ စာရင်းကိုသေချာဂရုစိုက်ရှင်းပြတာရော နားထောင်နေတာရောပျက်မှာကြောင့်လို့ မပြောပဲငြိမ်နေလိုက်သည်။

ပြောလည်း ပွတ်သပ်နေတာကိုပြောရမည်မဟုတ်ဘူးဆိုတဲ့အတွေးလည်း taeခေါင်းထဲမှာရှိနေသည်လေ။

My Darlin~~(TK) {Complete}Where stories live. Discover now