27. Take me to the stars

Comenzar desde el principio
                                    

" မင်း ဘာရည်ရွယ်ချက်နဲ့ ဒီစကားကို ရှင်းသန့်ရှေ့ ပြောရတာလဲ "

" ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး ရောင်ရှိန် ၊ ငါကြားထားတဲ့ သတင်းကို ဒီတိုင်းပြောလိုက်တာပဲ "

" ငါ မင်းကို ဘယ်လို ယုံရမှာလဲ ၊ အရင်တစ်ခါကလဲ မင်း ရှင်းသန့်ကို ချစ်တယ်ပြောလို့ မင်းနဲ့ဘုဏ်းဇေ ပြဿနာတက်ပြီးပြီ ၊ အခုချိန်ထိတောင် ဘုဏ်းဇေ မင်းကို စကားဟဟပြောသေးတာ မဟုတ်ဘူး ၊ အခုတစ်ခါ မင်းကြောင့် ပြဿနာဖြစ်သွားနိုင်တဲ့ စကားမျိုး မင်းပြောပြန်ပြီ ၊ မင်း ဘာလို့ သူတို့ကို နှောင့်ယှက်ချင်နေတာလဲ သီဟ ၊ အခုလိုပြောလိုက်လို့ မင်းဘာရသွားလဲ "

သီဟက အနာပေါ်တုတ်ကျသွားသည့်ပုံစံမျိုးဖြင့်

" မင်း ငါ့စိတ်ကို မသိဘဲနဲ့ ရမ်းမဝေဖန်နဲ့ လင်းရောင်ရှိန် ၊ ငါ သူတို့ကို မနှောင့်ယှက်ဘူး ၊ ဒါပေမဲ့ မင်းလိုလဲ အားပေးအားမြှောက်ပြုမနေဘူး ၊ ဘယ်လိုဖြစ်ဖြစ် သူတို့နှစ်ယောက်က အဆုံးထိ အတူမရှိနိုင်ဘူးဆိုတာ မင်းရောငါရော သူတို့ကိုယ်တိုင်ရော သိပြီးသားပဲ ၊ မသိချင်ယောင်ဆောင်နေကြတာပဲရှိတာ "

" သီဟ .... မင်း ဘယ်လိုတောင် ...."

စိတ်ပျက်လွန်း၍ သီဟနှင့် စကားဆက်ပြောချင်စိတ်ပင် မရှိတော့ပါ။ တစ်သက်လုံး သည်လိုမျိုး လူတစ်ယောက်ကို လက်သီးနှင့် ပယ်ပယ်နယ်နယ်ထိုးပစ်ချင်စိတ် ဖြစ်ရလောက်တဲ့အထိ ဒေါသလည်းမထွက်ခဲ့ဖူး၍ အသားတွေပါတုန်လာရသည်။ နောက်ပြီး ရောင်ရှိန့်စိတ်ထဲမှာ သီဟကိုကြည့်ပြီး ဝမ်းနည်းလာ၏။

မောင်နှမသားချင်းရယ်လို့ မရှိသည့်အပြင် ဆွေမျိုးများနှင့်လည်း အနေမနီးခဲ့သော ရောင်ရှိန့်အတွက် သည်သူငယ်ချင်းတွေကိုသာ ညီအစ်ကိုအရင်းသဖွယ် မှတ်ယူထားခဲ့သည်။ သူငယ်ချင်းတွေနှင့်ပတ်သက်လျှင် ဘယ်တုန်းကမှ သာတယ်နာတယ် မတွက်ခဲ့ဖူးသလို သူငယ်ချင်းတွေကလည်း တစ်ယောက်ကောင်းကျိုး တစ်ယောက်လိုလားသူတွေချည်းပဲဟုသာ ထင်ခဲ့သည်။ အခုတော့ သီဟက သူ့စိတ်ကို သံသယဝင်လာစေပြီ ။

" မင်းမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူးဆိုတာကို ငါမယုံချင်ပေမဲ့လဲ ဒီတစ်ခါ နောက်ဆုံးအနေနဲ့ မျက်စိမှိတ်ပြီး ယုံပေးလိုက်မယ် သီဟ ၊ အဲဒါ ငါ မင်းအပေါ်ထားတဲ့ သူငယ်ချင်းသံယောဇဉ်ကြောင့်ပဲ ၊ ငါ့အတွက် ဘုဏ်းဇေတို့က အရေးကြီးသလို မင်းကလဲ အရေးကြီးတဲ့သူမို့ ၊ ဒါပေမဲ့ မင်းကြောင့် နောက်ထပ် သူတို့တစ်ခုခု ဖြစ်ကြည့်၊ မင်းကို ငါ ခွင့်မလွှတ်ဘူး "

Forget-Me-Nots  { Completed }Donde viven las historias. Descúbrelo ahora