"ယောင်း"

"ဘာဖြစ်တာလဲ အဲ့မျက်နှာကြီးက"

"ယောင်းက kookie ပဲဂရုစိုက်နေတာ ကိုယ့်ကျဂရုမစိုက်ဘူး"

"ခလေးမို့ဂရုစိုက်ပေးတာလေ ခဗျားကြီးကခလေးလဲမဟုတ်ပဲ ဂရုစိုက်ခံချင်သေးတာလား"

"အင်း ယောင်းက ကိုယ့်ကျဖက်ဘူး kookie ပဲဖက်နေတယ်"

Company ပိုင်ရှင်မှ ဟုတ်ရဲ့လားလို့တောင် taeအ‌တွေးဝင်မိသည်။

"သဝန်တိုစရာမရှိ ခဗျားကြီး ကိုယ့်သားနဲ့တောင်သဝန်တိုနေတာလား"

"ဟုတ်တယ်ကွာ တိုတယ်"

နှုတ်ခမ်းကြီးထော်ပြီး ဆူပုတ်နေတဲ့ ပိုင်ရှင်ကြီးကြောင့် taeနဲ့kookieလေးမှာ သဘောကျနေတော့သည်။

"ပါးပါး သွားချော့လိုက်ပါဦး"

"Tv ကြည့်နေနော်"

"ဟုတ် သားကရပါတယ်"

Taeလည်း kookieဘေးကထပြီး မီးဖိုခန်းဝမှာ စိတ်ဆိုးတော်မူနေတဲ့ သူ့အပိုင်ကြီးကို သွားချော့ရတော့သည်။

"ဘာလို့နှုတ်ခမ်းကြီးဆူထားတာလဲ ခလေးလား တော်ပြီ လာ tvတူတူကြည့်မယ်"

"........"

စကားတစ်လုံးမှပြန်မပြောတာကြောင့် taeလည်း စကားနဲ့မချော့တော့ပဲ နှုတ်ခမ်းလေးကိုခြေဖျားလေးထောက်ပြီးလှမ်းနမ်းလိုက်တော့မှ ချက်ချင်းပြုံးသွားတဲ့ပိုင်ရှင်ကြီး။

"သွားမယ် tv ကြည့်မယ်လို့"

Tae လည်း လက်ကိုဆွဲပြီး ခေါ်လာတော့ နောက်ကနေ ဆွဲတဲ့တိုင်းပါလာတဲ့ သူ့ချစ်ရသူကြီး။

Living room ထဲမှာတော့ သုံးယောက်တူတူထိုင်ပြီး Tae ကခလယ်မှာဖြစ်သည်။

Daddy ဖြစ်တဲ့သူက ရင်ခွင်ထဲထည့်ဖက်ထားပြီး သားဖြစ်သူကပေါင်ပေါ်ခေါင်းအုံးလျက်ကြည့်နေခြင်းပင်။

Taeမှာတော့ တောက်တဲ့သားဖနှစ်ယောက်ရဲ့အလယ်မှာညှပ်နေတော့သည်။

အချိန်တွေကုန်ပြီး ညရောက်တော့လည်း kookie မအိပ်မချင်းသွားချော့သိပ်လို့ အရင်အကျင့်တွေပျက်ကုန်မယ်ဆိုတာနဲ့အကြောင်းပြပြီး သဝန်တိုနေတဲ့ daddy ကြီးကို taeမှာ နမ်းပြီးချော့ရပြန်သည်။

My Darlin~~(TK) {Complete}Where stories live. Discover now