"Kookie ကိုယ်တိုင်စားနေကျကို သွားစားချည်"
Jkပြောလိုက်တော့ မျက်လုံးဝိုင်လေးနဲ့ နှုတ်ခမ်းလေးထော်ပြီး taeကိုစိုက်ကြည့်နေပုံက စစ်ကူခေါ်နေခြင်းပင်။
"ဘာလို့ ခလေးကိုအော်နေတာလဲ ခဗျားကြီးနော် kookie က papaခွံကျွေးတာစားချင်တာလား"
သူမေးတော့ခေါင်းညိမ့်ပြလာတဲ့ အသေးလေး။
"လာ အဲ့ဆို ပါးပါးက ထမင်းခွံကျွေးမယ်"
"ယေး စားမယ် စားမယ်"
နှစ်ယောက်သား လက်ချင်းတွဲပြီး မီးဖိုခန်းထဲဝင်သွားတဲ့ချိန် ဧည့်ခန်းထဲကဆိုဖာပေါ်မှာတော့ daddy ကြီးတစ်ယောက်ဆူပုတ်ရင်းကျန်ခဲ့တော့သည်။
ထမင်းကျွေးနေတုန်း...
"ပါးပါး တော်ပြီ ဗိုက်ပြည့်နေပြီ"
"ထမင်းဆိုတာခူးထားပြီရင် ကုန်အောင်စားရတယ်kookie ဒီမှာဘယ်နှစ်ဇွန်းမှမကျန်တော့ဘူး စားလိုက်နော်"
"ဟုတ်"
ခလေးတွေကိုချစ်ပြီး ခလေးတွေဆိုစိတ်ရှည်တဲ့ taeအတွက်တော့ kookie ကိုထိန်းရတာမခက်ပေ။
ဒါပေမဲ့ အိမ်အကူတွေမှာတော့ kookie ကို ထမင်းကုန်အောင် နောက်ကတကောက်ကောက်လိုက်ကျွေးရသည်လေ။
"ကဲ ကုန်သွားပြီ တော်လိုက်တာ ပါးပါး kookieလေးက မွမွ"
ပါးမို့မို့လေးကို အနမ်းပေးတော့တခိခိရယ်လာသည်။
"အဟင်းဟင်း"
အသံကြားလို့ လှည့်ကြည့်လိုက်တော့ မီးဖိုခန်းအဝမှာ သူတို့ကိုစိုက်ကြည့်နေတဲ့ jk....
စူးစိုက်ကြည့်နေပုံအရ ခလေးနဲ့တောင် သဝန်တိုနေတယ်ဆိုတာ tae သိသည်။
"စားလို့ပြီရင်လည်း စာသွားလုပ်တော့ kookie"
"ဒီနေ့ အိမ်စာမပါဘူး daddy"
"အဲ့ဆို ပါးပါးတို့ cartoon ကြည့်ကြမလား"
"ကြည့်မယ်လေ Tom and Jerry ကြည့်မယ်"
"ဟုတ်ပြီဗျာ လာ"
Kookie ကို ပွေ့ချီပြီး ဧည့်ခန်းထဲဝင်သွားပြန်တဲ့ နှစ်ယောက်ကြောင့် jkလိုက်ကြည့်မိပြန်သည်။
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
15 🍑🍑 ~~~
Start from the beginning
