14 🍑🍑 ~~~~

Mulai dari awal
                                        

Jkလည်း ထယ့်ကိုပွေ့ချီလျက် သူ့အခန်းစီတက်လာခဲ့သည်။

Taeကတော့ ကားထဲကထွက်ကတည်း အိမ်ကြီးကိုမြင်ကာအံ့ဩနေသည်။ အိမ်အပြင်အဆင်ကအရမ်းသေသပ်ပြီး အိမ်ပြင်အရောင်ကို အဖြူရောင်ရွှေရောင်ကိုရောစပ်အသုံးပြုထားသည်။

အိမ်ပြင်ကျော်လို့အိမ်ထဲဝင်ပြန်တော့လည်း ကြမ်းခင်ကစပြောင်လက်နေတာကြောင့်ခြေတောင်မချရဲလောက်အောင်ကြည်လင်နေပြီ အိမ်အတွင်းပိုင်းကိုတော့ ခရမ်းရောင်ကိုအသာပေးသုံးထားသည်။

Taeမှာတော့ တစ်အိမ်လုံးကိုလိုက်ကြည့်ရင်တဝိုးဝိုးတဝါးဝါးအားကျနေရသည်။

သူမထင်ပါ kookie Daddy အဖြစ်သိတုန်းကချမ်းသာတာတော့သိပေမဲ့ ဒီလောက်ကြီးထိချမ်းသာမယ်လို့မထင်ထားခြင်းပင်။

တကယ်တော့သူ့ချစ်သူအသစ်စက်စက်ကြီးက သူဌေးကြီး‌ဖြစ်နေလေသည်။

အိပ်ခန်းထဲရောက်ပြန်တော့လည်း ထပ်အံ့ဩရပြန်သည်။ ကြမ်းခင်ပေါ်ကို ခင်ထားတဲ့သိုးမွှေးခင်းက တက်အိပ်လို့တောင်ရနေပြီပင်။ အခန်းထဲထွန်းထားတဲ့မီးဆိုင်လိုက်ကာတွေက တကယ့်နာမည်ကြီးပစ္စည်းတွေဖြစ်ပြီးတန်ဖိုးကလည်းမနည်းမှာသေချာသည်။ အခန်းတစ်ခုလုံးကို အနက်ရောင်တွေသာအသုံးပြုထားပြီး အခန်းအကျယ်ကလည်း သူနေခဲ့တဲ့အိမ်တစ်လုံးစာ‌လောက်အကျယ်ရှိသည်။

Tae ကြည့်နေရင်းမှာပဲ အားကျလာသလို မနာလိုလည်းဖြစ်လာရသည်။

Jkတစ်ယောက် ခုတင်ပေါ်ချပေးပြီး အခန်းပတ်ပတ်လည်လိုက်ကြည့်နေရင်း တဖြည်းဖြည်းနှုတ်ခမ်းလေးထော်ထွက်လာတဲ့ taeကြောင့် အမေးစကားဆိုရတော့သည်။

"ဘာဖြစ်လို့လဲ ဘာသဘောမကျတာရှိလို့လဲ ယောင်း"

"မနာလိုလို့"

"ဟမ် မနာလိုလို့ ဟုတ်လား"

"ဟုတ်တယ်"

"ဘာလို့ ကိုယ့်ကိုပြောပါအုံး ကိုယ့်ယောင်းလေးက ကိုယ့်ကိုဘာလို့မနာလိုဖြစ်တာလဲ"

"မနာလိုတာပေါ့ ခဗျားကြီးပိုင်တဲ့အိမ်လည်းကြည့်ဦးလေ ဟင့် ကျုပ်စိတ်ကူးထဲမှာအမြဲနေချင်ခဲ့တဲ့အိမ်မျိုးကြီး အရမ်းမိမိုက်နေတာကို"

My Darlin~~(TK) {Complete}Tempat cerita menjadi hidup. Temukan sekarang