13 🍑🍑 ~~~~

Mulai dari awal
                                        

ရင်ခွင်ထဲကအကောင်ပေါက်လေးက တအိအိငို‌နေပေမဲ့ ငြိမ်နေတာကြောင့် jkလည်းစကားစလိုက်သည်။

"တကယ်တော့ ကိုယ်လေမင်းကိုချစ်နေတာကြာပြီး စတွေ့ချင်ကရန်ဖြစ်ခဲ့တည်းဆိုပေမဲ့ အဲ့ကတည်းကမင်းလေးကကိုယ်ရဲ့နှလုံးသားထဲစဝင်လာတယ်ထင်တယ် မင်းအကြောင်းတွေသိချင်လာတယ် မင်းနဲ့ပက်သက်ရင်ရင်ခုန်တက်လာတယ် နောက်တော့ အလုပ်လုပ်တိုင်လည်းမင်းကိုပဲတွေးနေမိတယ် kookie လေးကြောင့်မင်းနဲ့ပြန်ဆုံခဲ့တယ် အဲ့တုန်းကသတ်မလိုဖြစ်ပေမဲ့ ကိုယ်မသိစိတ်ထဲမှာမင်းကိုပြန်တွေ့ရလို့ပျော်နေတာ အဲ့တာကို ကိုယ်သတိမထားမိခဲ့ဘူး"

"................."

"အဲ့ကနေစပြီး မင်းလေးကအရင်ထက်ကိုယ့်ကိုပို
စိုးမိုးလာတယ် မင်းလေးကိုချစ်မိနေတာသေချာသိလာတယ် တကယ်သေချာတာကပထမဆုံးဖုန်းထဲကနေမင်းအသံလေးကြားလိုက်တဲ့ချိန် ကိုယ်တကယ်ရင်တွေထိန်းချုပ်မရအောင် ခုန်နေခဲ့တာ အချိန်တိုင်းအလုပ်ထဲမှာပဲခေါင်းနစ်နေတက်တဲ့ကိုယ့်ကိုတောင်မင်းကချစ်လာအောင်ထိပြုစားနိုင်တာ အဲ့နေ့ကပန်းစည်းကလည်း ကိုယ်မင်းကိုချစ်ခွင့်ပန်ဖို့ ဒါပေမဲ့မင်းစိတ်ဆိုးသွားမှာကြောက်လို့ကိုယ်မပြောရဲဖြစ်နေခဲ့တာ ကိုယ်လိုဘာမှမကြောက်တက်တဲ့သူက မင်းကိုဖွင့်ပြောရမဲ့ချိန်မင်းစိတ်ဆိုးမှာကိုသေလောက်အောင်ကြောက်နေမိတာ အခုလည်းမင်းစိတ်ဆိုးနေတာပဲထပ်စိတ်ဆိုးလည်းရတယ် ကိုယ်ပြောချင်တာကိုတော့ မင်းကိုပြောပြချင်သလိုသိလည်းသိစေချင်တယ် babyကိုယ်လေးမင်းကိုအရမ်းချစ်တယ် ကိုယ့်ကို့စဉ်းစားပေးလို့ရမလား"

Jkစကားတွေအများကြီးပြောသွားပေမဲ့ အခုချိန်ထိငြိမ်နေပြီးဘာစကားတစ်ခွန်းမှထွက်မလာတာ taeပင်။

Jkပခုံးထက်မှာ ငြိမ်နေရင်း ပြောနေတာတွေကိုနားထောင်နေသည်။

"Tae baby ကိုယ့်ကိုစဥ်းစားမပေးချင်ဘူးလား ရပါတယ် ကိုယ်အတင်းမတောင်းဆိုဘူး အတင်းလည်လုပ်မယူချင်ဘူး မင်းလေးသဘောပါ ကိုယ် ကိုယ်အထွန့်မတက်ပါဘူး"

ထိုချိန်မှ တချိန်လုံးငြိမ်နေတယ်ထယ်စီက စကားတစ်ခွန်းထွက်လာသည်။

My Darlin~~(TK) {Complete}Tempat cerita menjadi hidup. Temukan sekarang