At 10pm....

"10နာရီတောင် ရှိသွားပြီပဲ အိပ်ယာဝင်မှ"

ပြီးသွားပြီဖြစ်တဲ့အလုပ်တွေကိုသေချာစီရီသိမ်းပြီး ခုတင်ပေါ်တက်ကာအိပ်ဖို့ပြင်လိုက်သည်။

အိပ်ဖို့ခေါင်းချပြီးကာမှ ဖုန်းထဲမက်ဆေ့ဝင်သံကြောင့် ဖုန်းကိုယူကြည့်လိုက်သည်။

Phone ထဲ‌ပို့လာတာက သူငယ်ချင်းစီကတွေ့ဖို့ပြောတဲ့စာတစောင်ပင်။

Jkလည်းကြည့်ပြီး စာပြန်မနေတော့ပဲ ဖုန်းကိုပိတ်ဖို့ပြင်လိုက်တော့မှ နောက်ထပ်မြင်လိုက်ရတဲ့အရာတစ်ခုက ဖုန်းနံပါတ်စိမ်းတစ်ခုကခေါ်ထားခြင်းပင်။

"ဘယ်သူပါလိမ့် အိမ်မှာဖုန်းထားခဲ့တုန်းအချိန်ကခေါ်ထားတာပဲ ပြန်ခေါ်ကြည့်ရမယ်"

Jkလည်းသူ့ဖုန်းထဲမှာ အဝင်callအဖြစ်ပေါ်နေတဲ့ ဖုန်းစိမ်းကိုနှိပ်ကာခေါ်လိုက်သည်။
____""________"""____

Taeလည်းမျက်နှာသစ်‌ခြေလက်ဆေးပြီး ဖုန်းကိုဘေးချကာ အိပ်ဖို့ပြင်လိုက်ချိန် ရုတ်တရတ်မြည်လာတဲ့ဖုန်းကြောင့် ယူကြည့်လိုက်သည်။

"Unknown number ဘယ်သူပါလိမ့်"

Taeလည်းသိချင်စိတ်ကြောင့် ဖုန်းကိုကိုင်လိုက်ပြီး အသံပြုလိုက်သည်။

"Hello"

Jkလည်းဖုန်းကိုင်တယ်ဆို နားနားကပ်လိုက်ချိန် ကြားလိုက်ရတဲ့အသံလေးကြောင့် မျက်လုံးပြူးရင်း လှဲနေတဲ့ခန္ဓာကိုယ်ကအော်တိုမတ်ကနဲဖြစ်သွားသည်။

Tae~~~~ "hello"

Jk~~~~ "........."

နောက်တစ်ကြိမ်ထပ်ပြီး အသံကြားသည်ထိ jkဘက်ကဘာစကားမှပြန်မပြောမိသေးပေ။

Tae~~~~ "ဘယ်သူလဲဟင် hello"

Jk~~~~ "အဟွန်း ကိုယ်ပါ"

Tae~~~~ "ဟမ်...ဘယ်ကကိုယ်လဲ taeမသိဘူးရော ဘယ်သူလဲဟင် ကိုယ်က"

Jk~~~~ "အဟင်း အဲ့တာက..ကိုယ် jkပါ"

တဖက်ကပြန်ပြောလာတဲ့နာမည်ကြားတဲ့ချိန်မှတော့ ထယ်တစ်ယောက် တကိုယ်လုံးတောင့်တင်းသွားပြီး မသိလိုက်ခင်ချိန်မှာပဲခုန်လာတဲ့ရင်ဘတ်ထဲကအကောင်ကြောင့် ကိုင်ထားတဲ့ဖုန်းကိုချလိုက်သည်။

My Darlin~~(TK) {Complete}Место, где живут истории. Откройте их для себя