"အင်း ကြည့်တယ်ဆိုလည်းခေါ်လိုက်"
"ဟုတ်"
Kookie လည်းအိမ်အပေါက်ဝမှာမတ်တပ်လေးရပ်ပြီး ခြံထဲမှာအလုပ်လုပ်နေတဲ့Myကိုလှမ်းခေါ်လိုက်သည်။
"ဦးဦးရေ ဇာတ်ကားလာနေပြီ"
ခေါ်နေပေမဲ့ ပြန်ဖြေသံမကြားတာကြောင့် ခြံနောက်ဘက်ထဲဆင်းခဲ့လိုက်သည်။
ခြံနောက်ဘက်ထဲရောက်သွားတော့ ဦးဦးကသူ့စိုက်ထားတဲ့အပင်လေးကိုဂရုတစိုက်ရေလောင်းနေသည်။
"ဦးဦး"
"ဟော kookie ပါလား ဘာကိစ္စ"
"ဇာတ်ကားကြည့်မယ်လေ"
"အော် ဒါနဲ့ ဦးဦးခိုင်းထားတဲ့ကိစ္စ အခြေအနေဘာထူးလဲ kookie "
"အဆင်ပြေမလားမသိပေမဲ့ သား ကိုကိုဖုန်းနဲ့ daddy ph number ကို ဆက်ထားတယ် အဝင်callခေါ်ပြီး ကိုကိုဖုန်းထဲကနေဖျက်ခဲ့တာ"
"ဖုန်းနံပါတ်ချင်းချိတ်ဆက်လိုက်တယ်"
"အင်း အဆင်ပြေမယ်ထင်တယ်"
"စောင့်ကြည့်ရမှာပေါ့"
"Kookie ဘာလုပ်နေတာလဲ အပြင်မှာလေတိုးနေတယ်လေ"
"လာပြီ ဦးဦးစောင့်နေလို့"
အဖြေပြန်ပေးပြီသည်နှင့် ဦးဦးMyနဲ့တူတူ အိမ်ကြီးဘက်ကူးခဲ့သည်။
"အာ ဒီကားကြည့်နေကျတာလား"
"ဟုတ်တယ် ပန်းသီးလည်းစား"
"ဟုတ်ပါပြီဗျာ"
အဲ့လိုနဲ့ ဇာတ်ကားပြီးသည်ထိ သုံးယောက်သားတူတူကြည့်ပြီး ဇာတ်ကားပြီးတော့မှ myကခြံနောက်ပြန်သွားကာ jkနဲ့ kookie လည်း အိပ်ဖို့အပေါ်ထပ်တက်ခဲ့လိုက်သည်။
Jkလည်း Kookie အခန်းထဲဝင်ပြီး စောင်သေချာခြုံပေးရင်း နဖူးလေးကိုနမ်းကာ နှုတ်ဆက်လိုက်သည်။
"Goodnight kookie"
"Goodnight Daddy"
အပြန်အလှန်နှုတ်ဆက်ပြီးမှ အခန်းမီးပိတ်ပေးကာ သူ့အခန်းဘက်ထွက်လာခဲ့သည်။
အခန်းထဲရောက်တော့ ကိုယ်လက်အရင်သန့်စင်ပြီး လုပ်စရာရှိတဲ့အလုပ်တွေအရင်လတ်စသတ်ရသည်။
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
9 🍑🍑~~~~~
Start from the beginning
