"ဗျာ"
သူ့ကိုပြူးကြောင်ကြောင်လေးကြည့်လာတဲ့ကောင်လေးကြောင့်ချောင်းတချက်ဟန့်ပြီး စကားပြန်စလိုက်သည်။
"အော်...ကိုယ်ပြောတာ စားဖို့လုပ်ပေးထားတော့စားရမယ်လို့ပြောတာလေ"
"အော်...အင်း"
အဲ့လိုနဲ့သုံးယောက်သား စားပွဲဝိုင်းမှာထိုင်ပြီး Taeလုပ်ထားတဲ့ ကြက်ဥခေါက်ဆွဲလေးကို တူတူစားလိုက်ကြသည်။
မသိတဲ့လူတွေဆို မြင်ရတာကမိသားစုထမင်းဝိုင်းလေးလိုပင်ဖြစ်နေသည်။
မိသားစုထမင်းဝိုင်းလိုဖြစ်နေပေမဲ့ taeနဲ့jkကတော့ တစ်ယောက်မျက်နှာတစ်ယောက်စေ့စေ့တောင်မကြည့်ပဲ ခေါက်ဆွဲကိုသာငုံ့စားနေတော့သည်။
ထိုချိန် ငြိမ်သက်နေတဲ့ စားပွဲဝိုင်းလေးကိုဖြိုခွင်းလိုက်တဲ့ kookie လေးရဲ့အသံ~~~~~~
"Daddy အခုပုံစံက သားတို့ကမိသားစုလေးလိုပဲ"
"အဟွတ်..အဟွတ်"
Kookie အပြောမှာ ခေါင်းမဖော်တန်းစာနေတဲ့ taeတစ်ယောက်သီးသွားတော့သည်။
Jkတစ်ယောက် ရုတ်တရတ်ထသီးတဲ့ taeကိုကြည့်ပြီး ပြုံးလိုက်မိသည်။
"ရလား ကိုကို အဆင်ပြေလား"
"အဟွတ်..အင် အဆင်ပြေပါတယ်"
"ရော့ ရေသောက်လိုက်"
"ဟုတ်..ကျေး.ကျေးဇူးပါ"
Taeလည်း jkကမ်းပေးတဲ့ ရေခွက်ကိုလှမ်းယူလိုက်ချိန် သူလက်ကိုဆုပ်ကိုင်လာတဲ့ တက်တူးနဲ့လက်ကြောင့် taeလန့်သွားမိသည်။
Kookie ကတော့ဘာမှမသိ ခေါက်ဆွဲကိုသာဆက်စားနေသည်။
Taeလည်း ရေခွက်ကိုယူပြီး လက်ကိုရုန်းလိုက်တော့ အသာတကြည်လွှတ်ပေးတဲ့ ထိုလူ။
Taeလည်းမျက်စောင်းလေးထိုးပြီး မနက်စာကိုဆက်စားလိုက်သည်။
တနေကုန် kookie နဲ့မပျင်းအောင်ကစားပေးလိုက် tvကြည့်လိုက်လုပ်ပြီး နေ့လယ်ရောက်တော့ ထယ်က kookie လေးကို ချောကလတ်cookieအရုပ်လေးတွေလုပ်ကျွေးသည်။
"စားလို့ကောင်းတယ် ကျောင်းပိတ်ရက်လာတိုင်း လုပ်ကျွေးရမယ်နော် ကိုကို"
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
8 🍑🍑 ~~~~
Start from the beginning
