Jkလည်း ဆိုဖာပေါ်ကထလာပြီး မြင်နေရတဲ့toiletကို မမြင်ချင်ယောင်ဆောင်ပြီး မီးဖိုခန်းထဲဝင်ခဲ့လိုက်သည်။
မီးဖိုခန်းထဲမှာ မနက်စာတွက်သေချာပြင်ဆင်နေရင်းအလုပ်ရှုပ်နေတဲ့ကောင်လေးကို နောက်ကနေအသံမပေးပဲရပ်ကြည့်နေမိသည်။
သူရပ်ကြည့်နေတုန်း ရုတ်တရတ်နောက်လှည့်လာတဲ့ကောင်လေးက သူ့ကိုမြင်တော့တော်တော်လေးလန့်သွားပုံပင်။
"အမလေး လန့်လိုက်တာ"
သူ့ကိုမြင်ပြီး လန့်သွားတဲ့ကောင်လေးက ခန္ဓာကိုယ်အနည်းငယ်ယိုင်သွားတာကြောင့် အမြန်လှမ်းထိန်းလိုက်ရသည်။
"အဆင်ပြေရဲ့လား"
"ပြေ..ပြေပါတယ် ဒါနဲ့ ဘာရပ်လုပ်နေတာလဲ"
"အော် ကိုယ်toiletသုံးချင်လို့"
"Toilet က အခန့်ထောင့်လေးနားကအခန်း"
"အော် အင်း ကိုယ်သွားလိုက်ဦးမယ်နော်"
"ဟုတ်ဟုတ်"
Jk မီးဖိုခန်းကထွက်သွားတော့မှ စီးကျနေတဲ့ချွေးတွေကိုအမြန်သုတ်ပြီး ပေါက်ထွက်မတက်ခုန်နေတဲ့ ရင်ဘတ်ကြီးကိုဖိရင်း ဟူးကနဲ သက်ပြင်းတချက်ချလိုက်သည်။
"ဟက် လန့်သွားတဲ့ပုံစံလေးကအသည်းယားစရာလေးကွာ"
Jkလည်းပြုံးရင်း Toilet ခန်းထဲ ဝင်ခဲ့လိုက်သည်။
Toilet သုံးပြီး ပြန်ထွက်လာတော့ ဧည့်ခန်းထဲမှာkookieနဲ့တူ ကာတွန်းကားကြည့်ရင်း လွတ်လွတ်လပ်လပ်ရယ်မောနေတဲ့ ထိုကောင်လေးပုံရိပ်ကို တဖန်ထပ်ငေးမိပြန်သည်။
"Daddy... Daddy"
Kookie ခေါ်မှအသိစိတ်ကပ်သွားတဲ့ jkတစ်ယောက် ဂုတ်ကိုသာအကြောင်းမဲ့ပွတ်နေမိသည်။
"ဘာတွေငေးနေတာလဲ မနက်စာစားဖို့စောင့်နေတာ"
"Daddy ကစားပြီးသွားပြီလေ"
"အင်း..ဒါပေမဲ့ ကိုကို သားမစားရသေးဘူးပြောတော့ daddy ပါမစားရသေးဘူးမှတ်လို့တဲ့ သုံးပွဲပြင်လိုက်လို့ အဲ့တာစားဖို့စောင့်နေတာ"
"စားလိုက်ပါ စားချင်သလောက်ပေါ့"
"အင်း စားစေချင်ရင်စားရမှာပေါ့"
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
8 🍑🍑 ~~~~
Start from the beginning
