၁၁၄ / ၁၁၅ / ၁၁၆

Start from the beginning
                                    

 "တကယ်လား။"

 "တကယ်"

 လဲ့ယောင်းယောင်း စကားကိုကြားတော့ ရူရွှမ်း၏ မှိန်ဖျော့သော မျက်ဝန်းများသည် အမှောင်ထဲတွင် ဖယောင်းတိုင်မီးများကဲ့သို့ ထွန်းတောက်လာကြသည်။  

လဲ့ယောင်းယောင်း သူမကို ပြန်ပြုံးပြလိုက်သည်။

 ယခု ကျွန်ုပ်တို့တွင် နတ်ဘုရားမကဲ့သို့ လှပသော မိန်းမပျိုလေးတစ်ဦးနှင် ထွင်းထုထားသော ကျောက်စိမ်းတုံးကြီးကဲ့သို့ ချောမောစွာ ကြည့်နေမိသည့် 'လူပျို' တစ်ဦးရှိသည်။ အဲ့ဒါက ပန်းချီကားတစ်ချပ်လိုပင်။

 ထိုအချိန်တွင် နန်းကုန်းကျင်းရှီက လွန်စွာ သဘောထားကွဲလွဲနေသည်။

 ဒီနေ့ သူက မိန်းမတွေရှာဖို့ လာခဲ့တာမလား။ တခြားတစ်ယောက်ယောက်က သူ့နေရာကို အစားထိုးလိုက်သလို ဘယ်လိုဖြစ်လာတာလဲ။ အားးး စိတ်ပျက်စရာကောင်းလိုက်တာ။

 နန်းကုန်းကျင်းရှီသာ မကျေနပ်သူ မဟုတ်ပေ။ မင်းသား ယွေ့က ရူရွှမ်းနဲ့ လဲ့ယောင်းယောင်းတို့ အတူတူ ပျော်ရွှင်နေသည်ကို မြင်လိုက်ရသောအခါတွင် မျက်လုံးများ လင်းလက်သွားသည်။

 ဒါပေမယ့် သူဘာမှမပြောဘူး။ သူ တစ်ခွက် သောက်လိုက်သည်...

 လောလောဆယ်တွင် လဲ့ယောင်းယောင်းက ရူရွှမ်းကို အာရုံစိုက်နေသောကြောင့် မင်းသားနှစ်ဦးက မည်ကဲ့သို့ ခံစားနေရသည်ကို သူမ မသိလိုက်ပေ။ သူမသည် ရူရွှမ်း အတွက် အလွန်ဆိုးရွားသည်ဟု ခံစားမိသော်လည်း ရုတ်တရက် သူမ အကြံတစ်ခု တွေးမိသည်။

 "ငါ နားလည်ပြီ။"

 လဲ့ယောင်းယောင်း ထိုင်ခုံမှ ခုန်ထပြီး နန်းကုန်းကျင်းရှီ ဘက်သို့ လှည့်လိုက်သည်။

 သူမမျက်နှာပေါ်တွင် ကြီးမားသောအပြုံးတစ်ခုရှိနေသည်။

 ဒါကိုမြင်တော့ နန်းကုန်းကျင်းရှီ၏ ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။ လဲ့ယောင်းယောင်း သူ့ကို အဲဒီလို ပြုံးပြလိုက်တိုင်း ရည်ရွယ်ချက်ကောင်းနဲ့ ဘယ်တော့မှ မဟုတ်ပေ။ မျှော်လင့်ထားသည့်အတိုင်းပင်-

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now