24. On new year's day

Start from the beginning
                                    

" ခွေးပေါက်လေး ...ငါ့ကိုကြည့်ဦး "

ဆိုဖာကိုမှီပြီး မျက်လုံးတွေမှိတ်ထားသူ၏ ဘေးကိုကပ်ထိုင်ကာ သွေးကြောလေးများမြင်နေရသည့်ပါးပြင်ကို လက်ညှိုးဖြင့်တို့ထိရင်း ပြောလိုက်တော့ မျက်ဝန်းနက်လေးများက ပွင့်လာပြီး မပြုံးမရယ်သော မျက်နှာထားဖြင့် ရှုတည်တည်ကြည့်လာသည်။

" ဘာလဲ ၊ မသွားရဘူးလို့ ပြောပြီးသားနော် "

" ပြောတာနားထောင်ပါဦးကွာ "

" ပြော "

" အဲဒီနေ့ကအကြောင်းကို မေ့လိုက်လို့မရဘူးလား ၊ သီဟနဲ့ ငါတို့ ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားရအောင်ပါ "

ဆိုဖာကိုမှီနေသူက ကိုယ်ကို မတ်မတ်ပြန်ထိုင်လိုက်ပြီး

" ဘယ်လိုလုပ်မေ့လို့ရမှာလဲ ၊ မင်းကို သူက မောင့်ထက်အရင် ချစ်တယ်လို့ ထပြောသွားတာလေ ၊ သူ့ဟာသူ စိတ်ထဲက ပါပါ မပါပါ ၊ တကယ်ခံစားချက် ရှိရှိ မရှိရှိ ၊ မောင့်အရင်ဦးအောင် ပြောသွားတာ ၊ မောင် တကယ်မကျေနပ်ဘူး "

တခြားသူတွေအတွက် သည်လောက်လေးများဟု ထင်စရာဆိုပေမဲ့ ဘုဏ်းဇေအတွက်တော့ သည်ကိစ္စက မေ့မေ့ပျောက်ပျောက်ထားလိုက်နိုင်သည့် ကိစ္စသေးသေးလေး မဟုတ်ပါ။ ရှင်းသန့်ကိုချစ်တယ်ဟုပြောသည့်နေရာမှာ သူသာ အရင်ဆုံးဖြစ်ချင်ခဲ့သည်။ သူသိရသလောက်ဆို မြတ်မှူးခင်ပင် သည်လို တိုက်ရိုက်ပြောသွားခြင်းမရှိ ။ သီဟကတော့ ရည်ရွယ်ချက်ရှိရှိ သူ့စိတ်ကူးလေးကို ဖျက်လို့ဖျက်ဆီး လုပ်သွားခြင်းပင်။

" မဟုတ်တာ ၊ မင်း အရင်ဆုံးပါကွာ ၊ မမှတ်မိဘူးလား "

" ဘယ်တုန်းကလဲ "

" မင်းဆီမှာ ငါ ပထမဆုံး ညအိပ်လာတဲ့အခေါက်ကလေ ၊ မင်း ငါ့ကိုချစ်တယ်လို့ ပြောခဲ့တာ မေ့နေပြီလား "

" အဲဒါ မောင်က သူငယ်ချင်းလို ပြောတာလေ "

" ဒါပေမဲ့ ငါက အဲဒီကတည်းက ရင်ခုန်ခဲ့တာ ၊ အဲဒါမို့ ငါ့အတွက်တော့ မင်းက ပထမဆုံးပဲ ၊ ပြီးတော့ မင်းဆီက စကားကိုပဲ စိတ်ထဲမှတ်ထားတာမို့ တခြားဘယ်သူတွေပြောပြော ငါ့အတွက်တော့ မင်းတစ်ယောက်တည်းပဲ "

Forget-Me-Nots  { Completed }Where stories live. Discover now