"ဘာဖြစ်တယ် ပြန်ပြောစမ်း!"

"ဘာမှမဟုတ်ပါဘူး..ဘာမှမပြောရဲပါဘူး ကိုယ့်ဘာသာပြောတာပါဆိုနေမှ"

"မင်းတော့ လစာဖြတ်ခံရတော့မှာ သွားမယ်!"

"ဟုတ်ကဲ့"

Myလည်း boss လက်ထဲကကိတ်ဗူးလေး ယူပြီး ကားစီပြန်လာခဲ့ကြသည်။

Taeကတော့ ဆိုင်ထဲကနေ သတ်ရင်းထွက်သွားတဲ့ သူနှစ်ယောက်ကိုကြည့်ရင်း သဘောကျနေမိသည်။

"ဟေ့ Tae ဘာတွေသဘောကျ"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ"

"ဟုတ်ပါပြီ...ခုနကလူက မင်းကိုကြည့်တာမရိုးဘူးနော် ငါသိနေတယ်"

"ဘာကိုလဲ လျှောက်ပြောမနေနဲ့"

"ငါပဲလျှောက်ပြောတာလား ငါပြောတဲ့အတိုင်းမရိုးတာမှန်လားဆိုတာတော့ နောက်ကျသိရမှာပေါ့ကွာ ဟားဟား"

"တော်ပြီ အလုပ်ဆက်လုပ်ရမယ်"

ထယ်လည်း ရှက်ရှက်နဲ့ လက်ကလေးနှစ်ဖက်ပွတ်ရင်းမုန့်လုပ်တဲ့နေရာစီထွက်သွားတော့သည်။

ကားပေါ်မှာတော့...

"Boss အိမ်ပဲမလား"

"အင်း"

Myလည်း ကားကို အိမ်ပြန်လမ်းစီပဲအတည့်မောင်းလိုက်သည်။

"Daddy ဒီနေ့ပြန်လာတာစောတယ်နော်"

"ဟုတ်တယ်လေ တစ်ယောက်သောသူတွက်ဆိုတော့ စောပြန်လာရတာ"

"My! မင်းပါးစပ်ပိတ်ထားလိုက်တော့"

"ဟင်..ဦးဦး ပြောတဲ့တစ်ယောက်သောသူဆိုတာ ဘယ်သူလဲ daddy "

"ဘယ်သူမှမဟုတ်ဘူး အဲ့ကောင်လျှောက်ပြောနေတာ လာdaddy cakeဝယ်လာတယ် အိမ်ထဲဝင်ရအောင်"

"ဟုတ် ဟီးဟီး ကိတ်မုန့်စားရတော့မယ် ပျော်လိုက်တာ"

Kookie လည်းအိမ်ထဲပြေးဝင်သွားပြီးခုန်ပေါက်ပျော်မြူးနေတော့သည်။

"ရော့ ဒီကိတ်ကို ပန်းကန်နဲ့ထည့်ပေးလိုက်"

"ဟုတ် သူဌေးလေး"

Jkလည်းပြောပြီး အိမ်ပေါ်ထပ်တက်သွားတော့သည်။

"Kookie kookie"

My Darlin~~(TK) {Complete}Место, где живут истории. Откройте их для себя