ယန်းရှီးယွီက နိုင်ငံရေးနှင့် ဥပဒေရေးရာတက္ကသိုလ်တွင် ထူးချွန်ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ ယန်းရှီးယွီ ပထမနှစ်တက်နေစဉ်ကတည်းက ချင်ကျိုးကို စာသင်ပေးခဲ့ခြင်းဖြစ်ပြီး သူက ချင်ကျိုးထက် သုံးနှစ်ကြီးလေသည်။ ချင်ကျိုး အထက်တန်းတက်ခါစက ကစားရတာပိုနှစ်သက်ပြီး စာလုပ်ရတာမကြိုက်ခဲ့ပေ။ ယန်းရှီးယွီ၏ လက်ညွှန်မှုအောက်ရောက်မှသာ အတန်းထဲတွင် တဖြေးဖြေးအမှတ်ကောင်းလာခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ မဖြေမီညတွင် ယန်းရှီးယွီက ချင်ကျိုးကို အနာဂတ်တွင် သူတို့နှစ်ယောက်အတူတူ တရားသူကြီးလုပ်ကြမည်ဟုပင် အကြံပေးခဲ့သေးသည်။

အကယ်၍ ထိုနှစ်တွင် မတော်တဆမှုသာမဖြစ်ပွားခဲ့ပါက ချင်ကျိုးက ယန်းရှီးယွီ၏ တက္ကသိုလ်ဂျူနီယာတစ်ယောက်ဖြစ်လာပြီး ယခုအချိန်တွင် တရားခွင်၌ အတူတူအလုပ်လုပ်နေရလောက်သည်။

သို့သော်လည်း စိတ်ကူးယဉ်မှုနောက်တွင် လက်တွေ့ဘဝက ကပ်ပါလာမြဲဖြစ်ပြီး ကံကြမ္မာဆိုသည်မှာလည်း လူများကို ဟာသလုပ်ရတာကြိုက်နှစ်သက်လေသည်။

ချင်ကျိုး၏မိဘများ မတော်တဆဖြစ်ပွားပြီးနောက်တွင် ယန်းရှီးယွီက ရုတ်တရက်ဆိုသလို အခြားတစ်ယောက်လိုပြောင်းလဲသွားခဲ့သည်။ သူက တရားသူကြီးအလုပ်ဆိုသည်မှာ လစာနည်းပြီး ဝန်ပိသောအလုပ်ဖြစ်ပြီး ရည်မှန်းချက်ထားသင့်သည့်အရာမဟုတ်ကြောင်း ပြောကာ ချင်ကျိုးကို စိတ်ပျက်အားလျော့စေခဲ့သည်။ သူ ဘွဲ့ယူရမည့်အချိန်ကလည်း နီးကပ်လာပြီဖြစ်၍ ချင်ကျိုးကို စာသင်မပေးနိုင်တော့ဟု ပြောခဲ့သေးသည်။

ထိုအချိန်တွင် ချင်ကျိုးက လမ်းပျောက်သလိုခံစားနေခဲ့ရပြီး ဘယ်ကိုသွားရမလဲမသိတော့ပေ။ စာမေးပွဲပြန်ဖြေမည့် အကြံကိုလက်လျှော့ကာ ကားပြင်ဆိုင်တွင် စတင်အလုပ်လုပ်ခဲ့ပြီး သူငယ်ချင်းလူမိုက်တစ်အုပ်မှတစ်ဆင့် လျှိုယုံချန်းနှင့် တွေ့ဆုံခဲ့လေသည်။

တစ်ဖက်တွင် ယန်းရှီးယွီကမူ...

"တရားခွင်ကြားနာမှုစတင်ပါပြီ..."

တရားသူကြီးထိုင် ခုံတန်းရဲ့အလည်ခေါင်တွင် ထိုင်နေသောလူက တူကိုရိုက်လိုက်ပြီး သူ၏အကြည့်များက ရွှေရောင်မျက်မှန်ကိုင်းအတွင်းမှ မှန်ဘီလူးကိုဖြတ်၍ ဖွင့်ဟထားသော အမှုတွဲဖိုင်များပေါ်ရောက်သွားသည်။

Blank Charge (Myanmar Translation)Where stories live. Discover now