အပိုင်း-၁၀

317 30 12
                                    

Unicode ver:

"ဟယ်လို အင်း ကိုယ်ပြန်ရောက်ပြီနော်"

"ပြန်ရောက်ပြီလား အချစ်"

ခေတ္တမျှကြားထဲမှာ တိတ်ဆိတ်သွားပြီးနောက် အညိုရောင်လေးက စကားစပြောလာသည်။

"အစ်ကို..အစ်ကို့ကို ကျွန်တော် ခုနက အပြုအမူအတွက် တောင်းပန်ပါတယ် စိတ်ရင်းနဲ့ကို အနူးအညွတ်တောင်းပန်တယ်နော် ဘယ်လိုပဲ သူ့ကို စိတ်တိုတယ်ပြောပြော အစ်ကို့ကို ဒီလိုမပြုမူသင့်ဘူးလေ...နော်"

အသံလေးက ခပ်နွမ်းနွမ်းလေးနှင့် ချစ်ရသူကို ထပ်ခါထပ်ခါ တိုးလျှိုတောင်းပန်နေသည့်ပုံက ထပ်တိုး၍ ချစ်ချင်စရာ။အညိုရောင်လေး၏ စကားအသံဆုံးပြီး‌နောက် ခပ်ဖွဖွရယ်သံလေးနှင့် ချစ်ရသူကစကားဆိုသည်။

"ဪ..ဘာများလဲလို့ မောင်ရယ်..တကယ်တမ်းက မင်းမမှားပါဘူး...ကိုယ်ကလည်းပြောခဲ့သင့်တယ်လေ သူ့ကို ခေါ်လာပါတယ်ဆိုပြီး"

"ဒါပေမယ့်လည်းဗျာ..."

အညိုရောင်လေးက သူ့ကိုယ်သူ မကျေနပ်နိုင်။လုပ်မိခဲ့သည့် အပြုအမူမှာ သူသိပ်ပြီးနောင်တရဟန်ရှိသည်။

"ကဲ ဟိုးထားဆရာ တကယ်တောင်းပန်ချင်ရင် အိမ်ရှေ့လာခဲ့လိုက် ပိုပြီး ကြေအေးပေးမယ်"

ခပ်နောက်နောက်နှင့်ပြောသော ချစ်ရသူ၏စကားကို အညိုရောင်လေးက နှစ်လိုလက်ရရယ်ကာ..

"အိုကေ လာပြီ"

ထို့နောက် ဖုန်းချလိုက်ပြီး ချစ်ရသူက ကိုယ်လက်သန့်စင်ရန်အတွက် သန့်စင်ခန်းအတွင်းသို့ဝင်သွားသည်။သန့်စင်ပြီး၍ ပြန်ထွက်လာသောအခါ အိပ်ယာထက်၌တင်ထားသော ဖုန်းမှ တတီတီမြည်နေသော ဖုန်းမြည်သံ။ Contact nameကို ကြည့်လိုက်ပြီး ပါးချိုင့်သေးသေးလေးထင်းလာသည်အထိ ပြုံးမိသည်။သူ့ရဲ့ မထင်မရှားပါးချိုင့်လေးအားပေါ်အောင် စွမ်းနိုင်သည့် Contact name လေးက "မောင်🤭🤎"တဲ့လေ။သူကိုင်သည့်အခါ တစ်ဖက်မှ ထွက်လာသည့် ခပ်ဩဩအသံ။

"တောင်းပန်ချင်လွန်းလို့ အိမ်ရှေ့ထိ ရောက်နေပြီ"

စစနောက်နောက်နှင့် ပြောသည့် ချစ်ရသူစကားကို သဘောတကျရယ်လိုက်ပြီး...

မင့်ရဲ့ဂျောင်Where stories live. Discover now