Unicode ver:
"Kim Taehyung ရယ် တောင်းပေးပါဆို"
"Jimin မင်းမတောင်းချင်ရင် အစကတည်းက မငှားနဲ့လေ ခုမင်းဟာက မဟုတ်သေးဘူး"
ဂျီမင် ဂျောင်ကုကို စာအုပ်ငှားပြီး ပြန်မတောင်းရဲသည်မို့ သူငယ်ချင်းကို အကူအညီတောင်းကြည့်သည်။သို့သော် မအောင်မြင်။
"ငါ..ငါ မတောင်းရဲလို့ပေါ့ သူက ခပ်တည်တည်ကြီးကို"
"အစကတည်းက စဉ်းစားလေ ခုမှ ငါ့လာပြီး လူမိုက်ငှားနေတယ် မတောင်းပေးဘူး"
သူငယ်ချင်းနှစ်ယောက် တည့်တဲ့ရက်က တစ်နာရီတောင်မပြည့်ချင်။အခုစာအုပ်ပြန်တောင်းခိုင်းတော့လည်း ကြည်ကြည်ဖြူဖြူ လက်မခံ။
"ငါ့ကိုတွေ့တာနဲ့ သူက အော်တာကို ငါမတောင်းချင်ဘူး"
စာအုပ်ငှားလိုက်သည့် အချိန်တုန်းက သူ့အော်လိုက်သည့်အသံကြောင့် Jimin လန့်ခဲ့ရသည်မို့ နောက်တစ်ခါတော့ သည်လို အဖြစ်မခံနိုင်။
"ဟိတ် သူငယ်ချင်းနှစ်ယောက် ဘာဖြစ်နေကြတာတုန်း"
သူငယ်ချင်းနှစ်ယောက်ကတောက်ကစ ဖြစ်နေသည်ကို အဝေးကလှန်းမြင်နေသည့် Seokjin hyungက အနားနား ကပ်လာ၍ မေးသည်။
"သူဘာသာသူ စာအုပ်ငှားပြီး ပြန်မတောင်းရဲနေတာကို ကျွန်တော့်လာပြီး ရန်လာလုပ်နေတယ်"
"Jimin ရယ် ကိုယ်ငှားလိုက်တဲ့ စာအုပ်ကို ကိုယ့်ဘာသာကိုယ် ပြန်တောင်းကြည့်ပါလား"
"ဟုတ်ကဲ့ပါ ကျွန်တော့်ဘာသာပဲ ပြန်တောင်းလိုက်တော့မယ်"
ဆူငေါင့်ငေါင့်ပြောလိုက်သည့်အခါ စီနီယာနဲ့ သူငယ်ချင်းက ပြုံးသည်။ ဘာလို့ဆို သူချစ်ဖို့ကောင်းတာကို။
"Hyung ဘာပြောစရာရှိလို့လဲ"
Taehyung ပြောလိုက်သည့်အခါမှ သတိရသွားသောဟန်ဖြင့် စီနီယာချောချောက စကားပြန်စသည်။
"အော် အေး ဟုတ်တယ် ငါပြောမလို့ ငါဒီနေ့ Namjoon နဲ့ တွေ့မှာ တစ်ယောက်တည်း ဖြစ်နေလို့ လိုက်ခဲ့ကြပါလား ငါမုန့်ဝယ်ကျွေးမယ်လေ"
အထက်တန်းကတည်းက သိခဲ့ရသည့် ကလေးလေးတွေမို့ စီနီယာချစ်ပါသည်။ခင်ပါသည်။ ဒီလိုပဲ စီနီယာက ရည်းစားဖြစ်သူနဲ့ချိန်းတွေ့တောင် သူ့ကလေးလေးတွေကို အပါခေါ်သည်။
![](https://img.wattpad.com/cover/340581247-288-k311902.jpg)
YOU ARE READING
မင့်ရဲ့ဂျောင်
Fanfictionအစကနဦးခြေလှမ်းလေးမို့ သည်းခံပြီး ဖတ်ကြည့်ပေးပါလို့ Naingက တောင်းဆိုပါတယ်