အပိုင်း-၇

346 22 4
                                    

Unicode ver;

"Hyung ရယ် ဖုန်းကိုင်ပါ"

နမ်ဂျွန်း နှစ်ပတ်ကြာကြာ ဖုန်းမကိုင်၊စကားမပြောသည့် ရည်းစားလေးအား မတွေ့ရသဖြင့် စိတ်ညစ်စွာ တီးတိုးပြောနေသည်။ကျောင်းကို လိုက်သွားသည့်နေတွေဆိုလျှင်လည်း အတွေ့မခံ။ကိုယ်က တောင်ဘက်ကလိုက်လျှင် သူက မြောက်ဘက်ကို ထွက်ပြေးသည်။သူ့ရဲ့ စကားတစ်ခွန်းကြောင့်ဖြစ်သွားသည့် ပြဿနာအား သူလူးကာလိမ့်ကာ ခံစားနေရသည်။

"ဘာလို့ မကိုင်နေတာလဲ စကားပြောချင်လှပြီ လွမ်းတယ် Hyung ရဲ့"

ရည်းစားလေးအား သိပ်ချစ်ရပါသည်။တစ်နေ့မတွေ့ရလျှင်တောင် ဖုန်းထဲက အသံလေးကြားမှ တစ်နေ့တာ အဆင်ပြေပါသည်။သို့ပေမဲ့ ယခုမှာ နှစ်ပတ်လောက် စကားမပြော၊ဖုန်းမဆက်သည့်အခြေအနေမို့ လုံးဝအဆင်မပြေ။သူဒီနေ့ ရအောင် ချော့ကာ ဖက်ပါနမ်းဦးမည်။

"ညနေကျမှ တွေ့ကြမယ် မောင့်သဲငယ်"

တစ်ကိုယ်တည်းသာ ပြောဆိုနေသည်။ဂျောင်ဂုက တစ်ယောက်တည်းစကားပြောနေသည့် အစ်ကိုကို မြင်ပြီး ပြုံးသည်။

"အစ်ကို ဘာတွေ ပြောနေတာတုန်း"

"နှစ်ပတ်လောက် စကားမပြောရတော့ လွမ်းလို့ပါ ဂျောင်ဂုရယ်"

"ညနေ လာချော့ပေါ့"

"အင်း ဒီနေ့ ဆက်ဆက်ကို စကားပြောအောင် လုပ်မှာ"

"အစီအစဉ် အောင်မြင်ပါစေ အစ်ကိုကြီးရေ ကျွန်တော် ကျောင်းသွားပြီ"

နမ်ဂျွန်းက ဂျောင်ဂုပြောသောစကားကို ပါးချိုင့်ကလေးများပေါ်အောင် သဘောတကျ ပြုံးသည်။ဂျောင်ဂုက အခုတလော သိပ်ပြီးကို တက်ကြွနေတာကို နမ်ဂျွန်းရော တစ်အိမ်လုံးပါ သတိထားမိသလို သဘောတကျရှိကြသည်။သူ့ရဲ့ ဒီလိုပုံစံလေးက အိမ်ရဲ့ သာယာမှုလေးလိုပါပဲ။ဘာလို့ဆို ဂျောင်ဂုက အရင်ကဆို မိသားစုနဲ့တောင် စကားကို လိုတာထက်ပိုမပြောသလို အရယ်အပြုံး‌လည်း နည်းပါသည်။ဒီလိုပုံစံလေးဟာ အိမ်ရဲ့ သဘောတကျလေး ဖြစ်နေပါသည်။

"မေမေ သား ကျောင်းသွားတော့မယ်နော်"

"သား သွားတော့မှာလား"

မင့်ရဲ့ဂျောင်Tempat cerita menjadi hidup. Temukan sekarang