အပိုင်း-၆

781 31 5
                                    

Unicode ver:

တူ..တူ..တူ...

အဆက်မပြတ်ဝင်နေသည့် ဖုန်းမြည်သံကို လျစ်လျှူရှုကာ နေ နေသည်။ဒါနဲ့ဆို ရည်းစားလေးနဲ့ မတွေ့တာ တစ်ပတ်ရှိခဲ့ပြီ။သူ နမ်ဂျွန်းကို စိတ်ဆိုးပါသည်။တကယ်တမ်း အဲ့နေ့က နမ်ဂျွန်းသာ သူ့ကို ဒီလိုစကားမျိုးမပြောဘဲ စစနောက်နောက် ပြောဆိုရင်း ချော့မြူရင် သူစိတ်ဆိုးဖို့ အစီအစဉ်မရှိပါ။ချစ်ရသူ၏ ချော့မြူခြင်းကို ခံချင်သည်။ချစ်ပေးနေတာကို အရမ်းသဘောကျသည်။ဒါပေမဲ့ ချစ်သူပြောလိုက်သည့် စကားကြောင့် ရင်ထဲမှာ ဒေါသနှင့်အတူ ဝမ်းနည်းမှုပါ ပါလာခဲ့သည်မို့ နမ်ဂျွန်းကို ဒီတစ်ခါသူ အရမ်းစိတ်ဆိုးနေသည်။

"သွား အရူးကောင် ဆက် သေလောက်အောင်ဆက် ငါ မကိုင်ဘူး"

တစ်ကိုယ်တည်း ကြားနိုင်သည့် အသံလေးနှင့်ပြောသည်။နမ်ဂျွန်းချော့မြူတာကို မခံရတာကြာပြီဖြစ်သည့်အတွက် သူစိတ်ဆိုးပါဦးမည်။

____________

"ဒါဆို မနေ့က အစ်ကိုနမ်ဂျွန်းနဲ့ Seokjin hyung တို့ ရန်ဖြစ်လာကြတာပေါ့ ဟုတ်လား"

ထယ်ယောင်းက ဂျီမင်နှင့်ဂျောင်ဂုကို မေးသည်။ဘာလို့ဆို သူတို့နှစ်ယောက်ဒီလောက်ကြီးထိ ရန်ဖြစ်နေတာမျိုး သူတို့ ရည်းစားသက်တမ်းမှာ မရှိခဲ့ဖူးပါ။ဒီတစ်ခါ‌ နည်းနည်းလေးပြင်းထန်နေသည်။

"အေးကွ ငါတို့လည်း မသိဘူး စကားပြောနေတုန်းရှိသေးတယ် အဲ့တာကို Seokjin hyung က ရောက်လာပြီး ငါ့ကို ခပ်တည်တည်ကြီးနဲ့ ဂျီမင် ပြန်မယ်ထ တဲ့"

ဂျီမင်သည် စီနီယာလေးပြောသည့်စကားကို အမူမယာနှင့်ပါ လုပ်ပြနေသည်။နောက်ပြီး အညိုရောင်လေးကလည်း စိတ်ဝင်တစားနှင့် ဂျီမင်ပြောသည်ကို နားထောင်နေသည်။ဂျောင်ဂုလည်း ဂျီမင်ပြောသည်ကို ခေါင်းတငြိမ့်ငြိမ့်နှင့်ထောက်ခံသည်။

"ငါလည်း အိမ်မှာ အစ်ကိုနမ်ဂျွန်းကို ထပ်မေးကြည့်တယ် ဘယ်လိုဖြစ်ကြတာလဲဆိုပြီးတော့ အစ်ကိုက (သူ အလုပ်မှာ ဆူခံလာရတာတဲ့ အဲ့တာ စိတ်ကလည်းတိုနေတာကို Seokjin hyung နဲ့ ရန်ဖြစ်တော့ သူ့ပေါ်ပုံချသလို ဖြစ်သွားတာတဲ့)"

မင့်ရဲ့ဂျောင်Where stories live. Discover now